မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း အမေရိကန် ထုတ်ပြန်

ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်အား ၂ဝ၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံ ခရီးစဉ်တွင် တွေ့ရစဉ်။ Reuters

ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အမေရိကန် ပြည်ထောင်စု ကိုယ်စား ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ရရှိရေးအတွက် လျှောက်လှမ်းနေတဲ့ ပြည်သူတွေကို ရပ်တန့်မသွားစေနိုင်ဘူးလို့လည်း ဆိုထားပါတယ်။

စစ်အာဏာရှင်အဖွဲ့အစည်းအနေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး ဖမ်းဆီးထားသူ တွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အဟန့်အတားမရှိ ပေးခွင့်ပြုဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောထားပါတယ်။

နောက်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းလိုတဲ့ ပြည်သူတွေ ရဲ့ ဆန္ဒကို အသိအမှတ်ပြုဖို့လည်း တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org