သံတမန် လေးစားသမှု အဖြစ် မြန်မာလို့ ခေါ်ဝေါ်

အမေရိကန်အစိုးရက မြန်မာနိုင်ငံရဲ့ ၆၆ နှစ်မြောက်လွတ်လပ်ရေးနေ့ အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ နိုင်ငံရဲ့အမည်ကို Burma အစား Myanmar လို့ သုံးနှုန်းလိုက်တာဟာ သံတမန်ယဉ်ကျေးမှုအရ လေးစား သမှုပြုတဲ့အနေနဲ့ သုံးစွဲခဲ့ခြင်းမျှဖြစ်ပြီး မိမိတို့ အစိုးရရဲ့မူဝါဒ တစုံတရာပြောင်းလဲသွားတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌါနက မနေ့က ပြောကြားလိုက် ပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံရဲ့ ၆၆ နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ နိုင်ငံရဲ့အမည်ကို Burma အစား Myanmar လို့ သုံးနှုန်းလိုက်တာဟာ သံတမန်ယဉ်ကျေးမှုအရ လေးစားသမှုပြုတဲ့အနေနဲ့ သုံးစွဲခဲ့ခြင်းမျှဖြစ်ပြီး မိမိတို့ အစိုးရရဲ့မူဝါဒ တစုံတရာပြောင်းလဲသွားတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌါနက မနေ့က ပြောကြားလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရအမျိုးသမီး Marie Harf က တချို့အကြောင်းကိစ္စတွေမှာ သံတမန်ရေးအရ လေးစားသမှုအဖြစ် မြန်မာလို့ မိမိတို့သုံးနှုန်းပါတယ်လို့ သတင်းထောက်တစ်ဦးရဲ့မေးခွန်းကို တနင်္လာနေ့က ဖြေကြားခဲ့တာဖြစ်ပါတယ်။

အရင်နှစ်က ပေးပို့တဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ အမေရိကန် နိုင်ငံရေးခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က Burma လို့သုံးစွဲခဲ့ပြီး၊ အခုနှစ် နိုင်ငံရေးခြားရေးဝန်ကြီး မစ္စတာ ဂျွန် ကယ်ရီ ပေးပို့တဲ့သဝဏ်လွှာမှာတော့ Myanmar လို့ သုံးစွဲခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org