အမေရိကန်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်ထိပ်တန်းသံတမန်တွေ့ဆုံ

တရုတ်အစိုးရထိပ်တန်းသံတမန်ဖြစ်တဲ့ ဝမ်ယိဟာ အမေရိကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတွေကို အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေး ပြင်ပမှာ အင်္ဂါနေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပြင်ပတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဝမ်ယိတို့ တွေ့ဆုံစဉ်။ Reuters

တရုတ်အစိုးရထိပ်တန်းသံတမန်ဖြစ်တဲ့ ဝမ်ယိဟာ အမေရိကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတွေကို အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေး ပြင်ပမှာ အင်္ဂါနေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အာဆီယံ အစည်းအဝေးကို အဓိကမိတ်ဖက် နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ ဩစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်နေပြီး မစ္စတာဝမ်ယိဟာ တရုတ်နိုင်ငံကိုယ်စားပြုတက်ရောက်လာတာပါ။

နှစ်ရက်ကြာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ မြန်မာပြည်အရေးကိုလည်း ကြေညာချက်ထုတ်ပြန်ဖို့ရှိပြီး ဒီလိုဆွေးနွေးနေကြချိန်မှာ တရုတ်နိုင်ငံက အမေရိကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတွေကို သီးခြားစီတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org