ဆရာတော် ဦးဥတ္တမနေ့ကို အစိုးရက ဦးဆောင်ကျင်းပခြင်းမရှိ

စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ အစိုးရက နှစ်စဉ် ဦးဆောင်ကျင်းပနေတဲ့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ဒီနှစ်မှာ ဦးဆောင်ကျင်းခြင်းမရှိပါဘူး။

နှစ် ၈၀ ပြည့် ဆရာတော် ဦးဥတ္တမနေ့ကို စစ်တွေမြို့ ဦးဥတ္တမပန်းခြံမှာ ၂၀၁၉ စက်တင်ဘာ ၉ ရက်နေ့ကကျင်းပခဲ့စဉ် Photo: Min Thein Aung/RFA

စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ အစိုးရက နှစ်စဉ် ဦးဆောင်ကျင်းပနေတဲ့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ဒီနှစ်မှာ ဦးဆောင်ကျင်းခြင်းမရှိပါဘူး။

ဒီနေ့မှာကျရောက်တဲ့ ဆရာတော်ဦးဥတ္တမနေ့ ပျံလွန်တော်မူတဲ့ နှစ် ၈၀ ပြည့်အခမ်းအနားကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က မကျင်းပဘဲ အရပ်ဘက်အဖွဲ့တစ်ခုဖြစ်တဲ့ ပန်းပညာရှင်များအဖွဲ့က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကတော့ အစိုးရက ဦးဆောင်မကျင်း ပပေမယ့် ကျောင်းသူကျောင်းသားတွေအတွက် ဆုကြေးငွေကို ထောက်ပံ့ပေးထားတယ်လို့ RFA ကို ပြောပါတယ်။

ဒီနှစ်အစိုးရအဖွဲ့က ဘာကြောင့်မကျင်းပသလဲဆိုတာ တိတိကျကျမရှင်းပြသလို ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အခမ်းအနားကို မတက်တာဟာလည်း ခရီးလွန်နေတာကြောင့်လို့ဆိုပါတယ်။

အဲဒီအခမ်းအနားကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးတို့ တက်ရောက်ခဲ့ကြ တယ်လို့ သိရပါတယ်။

စစ်တွေမြို့ ဦးဥတ္တမပန်းခြံထဲက ဆရာတော်ရုပ်တုရှေ့ကို လွမ်းသူ့ပန်းခွေလာချသူတွေလည်း အရင်နှစ်တွေကထက် နည်းနေတာတွေ့ရပါတယ်။

(RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org