လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည် သွားတော့မည်

ရခိုင်ပြည်နယ်က အခြေအနေတွေကို လေ့လာကြည့်ရှုဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို လာမယ့် တနင်္လာနေ့ ရောက်ရှိပါလိမ့်မယ်။

၂ဝ၁၇ သြဂုတ်လ ၃ဝ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်စဉ်။ (UN Photo/Manuel Elias)

ရခိုင်ပြည်နယ်က အခြေအနေတွေကို လေ့လာကြည့်ရှုဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို လာမယ့် တနင်္လာနေ့ ရောက်ရှိပါလိမ့်မယ်။ ဒါဟာ မောင်တောဒေသမှာ မနှစ်က သြဂုတ်ဖြစ်ပွားတဲ့ ဆူပူအကြမ်းဖက်မှုတွေနောက်ပိုင်း ကုလသမဂ္ဂက မြန်မာပြည်ကို စေလွှတ်တဲ့ အဆင့်အမြင့်ဆုံး ကိုယ်စားလှယ်အဖွဲ့ ဖြစ်ပါတယ်။

အဖွဲဝင် ၁၅ ဦးပါဝင်မယ့် အဲဒီအဖွဲ့ဟာ နေပြည်တော်ကို ဧပြီ ၃ဝ ရက်နေ့ သွားရောက်ပြီး နောက်တနေ့မှာ ရခိုင်ပြည်နယ်ကို ခရီးဆက်ပါလိမ့်မယ်။

ဒီအဖွဲ့ကို လက်ခံဖို့ လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလမှာ မြန်မာအစိုးရကို အဆိုပြုခဲ့ရာမှာ အချိန်မတန်သေးဘူးလို့ ပြောဆိုခဲ့ပြီး အခုမှ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org