ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရသတင်းစာများ ပုတ်ခတ်မှု အမေရိကန်ရှုတ်ချ
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နိုဝင်ဘာလက ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပေမဲ့ အခြေအနေတွေဟာ ပြောင်းလဲ မလာတဲ့အပြင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ဝေဖန် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၁၄ ရက် မနေ့က ပြောဆိုလိုက်ကြောင်း အေအက်ပီသတင်းက ဖော်ပြပါတယ်။
-
2011-02-15 -
-
-
အစိုးရထုတ် သတင်းစာတစောင်ကို လမ်းဘေး လက်ဖက်ရည်ဆိုင်တခုတွင် ဖတ်ရှုနေသူများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
Your browser doesn’t support HTML5 audio
မြန်မာအစိုးရက
ခေတ်သစ်ရောက်နေပြီလို့ ပြောနေပေမဲ့ အရင်က သုံးစွဲခဲ့တဲ့ နည်းလမ်းဟောင်း၊ လှည့်ကွက်ဟောင်းတွေ
အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန
ပြောခွင့်ရပုဂ္ဂိုလ် P.J. Crowley က သူရဲ့ twitter မှာ ရေးထားပါတယ်။ ဒါအပြင် ဝတ်စုံအသစ်ဟာ
စနစ်အသစ်ကို မဖန်တီးဘူးဆိုတာ ပြသလိုက်တာပဲလို့လည်း ဝေဖန် ပြောဆိုလိုက်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ စစ်အစိုးရအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဆက်ပြီး ထောက်ခံနေမယ် ဆိုရင် ဝမ်းနည်းဖွယ် ရလဒ်နဲ့ အဆုံးသတ်ရလိမ့်မယ်လို့ အစိုးရသတင်းစာက ဆိုပါတယ်။
အမေရိကန်သမတ အိုဘားမားအစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ရှိလာမယ်လို့ မျှော်လင့်ထားပေမဲ့ လက်ရှိအစိုးရရဲ့ စေ့စပ်ညှိနှိုင်းလိုတဲ့ဆန္ဒ ကင်းမဲ့နေတဲ့ အပေါ်မှာ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေတယ်လို့ အေအက်ပီ သတင်းမှာ ဖော်ပြ ထားပါတယ်။
ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပါပြီဆိုတဲ့ မြန်မာအစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်သလဲဆိုတဲ့ အချက်ပေါ်မှာ မြန်မာ့အရေး လေ့လာနေသူတွေရဲ့ အမြင်ကို RFA မှ မအင်ကြင်းနိုင်က စုစည်း တင်ပြထားပါတယ်။
စုစည်းတင်ပြချက် |
|
အသံဖိုင်ယူရန် |