တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ နည်းပညာနဲ့ ငွေကြေးလိုအပ်ချက်ရှိနေ

တိုင်းနဲ့ ပြည်နယ်တွေက လွှတ်တော်တွေမှာ နည်းပညာပိုင်းဆိုင်ရာ အားနည်းမှုတွေ၊ ငွေကြေးပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP ရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Peter Batchelor က ဒီနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ Rose Garden Hotel မှာ UNDP ရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Peter Batchelor ကို ၂ဝ၁၉ ခုနှစ် မတ်လ ၄ ရက်နေ့က လွှတ်တော် ၄ ခုကို လေ့လာခဲ့တဲ့ အစီရင်ခံစာထုတ်ပြန်ပွဲမှာ တွေ့ရစဉ် Photo: Thant Zin Oo/RFA

တိုင်းနဲ့ ပြည်နယ်တွေက လွှတ်တော်တွေမှာ နည်းပညာပိုင်းဆိုင်ရာ အားနည်းမှုတွေ၊ ငွေကြေးပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP ရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Peter Batchelor က ဒီနေ့ ပြောလိုက်ပါတယ်။

UNDP နဲ့ ပြည်တွင်းအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက လွှတ်တော် ၄ ခုကို လေ့လာခဲ့တဲ့ တွေ့ရှိချက်ကို ဒီနေ့ အစီရင်ခံစာထုတ်ပြန်ရာမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

မန္တလေး၊ တနင်္သာရီ၊ ရှမ်း၊ မွန် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက လွှတ်တော်တွေကို ၁ နှစ်နီးပါးကြာ လေ့လာပြီး အစီရင်ခံစာ ရေးသားခဲ့တာဖြစ်ပါတယ်။

လေ့လာတွေ့ရှိချက်တွေထဲမှာ လွှတ်တော် ကိုယ်စားလှယ်တချို့ဟာ သူတို့ရဲ့လုပ်ငန်းတာဝန်တွေကို ရှင်းရှင်းလင်းလင်း မသိတာတွေ ရှိနေတယ်လို့ အစီရင်ခံစာ ပြုစုရာမှာ ပါဝင်ခဲ့တဲ့ Equality Myanmar က ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org