နိုင်ငံရေး အကျဉ်းသား ၇ဝ ကျော် လွှတ်ပေးမှု ကုလသမဂ္ဂ အကြီးအကဲ ကြိုဆို

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန်နဲ့ နိုင်ငံရေးအကျဉ်းသား ၇၃ ဦးကို အကျဉ်းထောင်တွေကနေ လွှတ်ပေးလိုက်တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန်နဲ့ နိုင်ငံရေးအကျဉ်းသား ၇၃ ဦးကို အကျဉ်းထောင်တွေကနေ လွှတ်ပေးလိုက်တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

ဒီလိုကြိုဆိုတဲ့အကြောင်း မနေ့ညနေပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Martin Nesirky က ထုတ်ဖော်ပြောကြားခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသား ၇၃ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို နှစ်မကုန်ခင် ပြန်လွှတ်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန် ပြောကြားချက်အပေါ် အတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံက ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်တွေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေမှာ ပိုမိုအားကောင်းလာဖို့လည်း မျှော်လင့်ကြောင်း ကြေညာချက်နဲ့ ထည့်သွင်းဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလက မစ္စတာ ဘန်ကီမွန်းရဲ့ အရှေ့တောင်အာရှနိုင်ငံများ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးစတဲ့ လုပ်ငန်းစဉ်တွေမှာ အားလုံးပါင်နိုင်ရေး၊ စစ်ဘေးစစ်ဒဏ်ကြောင့် ရွှေ့ပြောင်းနေထိုင်ကြရတဲ့သူတွေ ပြန်လည်အခြေချနေထိုင်နိုင်ရေး အပါအင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လည်လွှတ်ပေးဖို့အချက်တွေကို အဓိကထားတိုက်တွန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org