အပစ်ရပ်စဲရေးမူကြမ်း လက်မှတ်ရေးထိုးနိုင်မှု ကုလနဲ့ အမေရိကန် ချီးကျူးကြိုဆို

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့အကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ်မူကြမ်း လက်မှတ်ရေးထိုး လိုက်နိုင်ခြင်းဟာ သမိုင်းတွင်တဲ့ အောင်မြင်မှုဖြစ်ကြောင်း ကုလသမဂ္ဂက ချီးကျူးလိုက်ပါတယ်။

UPWC နဲ့ NCCT တို့ရဲ့( ၇ )ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေး မစ္စတာ Vijay Nambiar (ဝဲဘက်)ကို မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ် Photo: Thiha Tun/RFA

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်မူကြမ်း လက်မှတ်ရေးထိုးလိုက်နိုင်ခြင်းဟာ သမိုင်းတွင်တဲ့ အောင်မြင်မှုဖြစ်ကြောင်း ကုလသမဂ္ဂက ချီးကျူးလိုက်ပါတယ်။

ဒီယာယီသဘောတူညီချက်ဟာ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ တဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့မှတ်တိုင်ဖြစ် တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား က ပြောပါတယ်။

မစ္စတာ နမ်ဘီးယားဟာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို လေ့လာသူအဖြစ် လပေါင်းအတန်ကြာ တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒီအတောအတွင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း လက်မှတ်ရေးထိုးလိုက်တဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ ဝမ်းမြောက်ကြိုဆိုကြောင်း ရန်ကုန်မြို့အမေရိကန်သံရုံးကလည်း ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org