ကုလအထူးကိုယ်စားလှယ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ် မစ္စဂျူလီဘိရှော့ပ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆင်ညမ်ဖုန်တို့ မြန်မာ့အရေး ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
- 2024-07-09
-
-
-
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ် မစ္စဂျူလီဘိရှော့ပ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆင်ညမ်ဖုန်တို့ မြန်မာ့အရေး ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မစ္စဂျူလီဘိရှော့ပ်ဟာ အာဆီယံနိုင်ငံတွေကို ခရီးထွက်နေတာဖြစ်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း ဘန်ကောက်မြို့မှာ ဇူလိုင် ၅ ရက်နေ့က တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။
မြန်မာပြည်က ဒုက္ခရောက်နေတဲ့ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့နဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ရေး အတူတကွ နည်းလမ်းရှာကြဖို့ သဘောတူခဲ့တယ်လို့ ထိုင်းရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အာဆီယံနိုင်ငံတွေနဲ့ ကုလသမဂ္ဂအကြား ပိုမိုချိတ်ဆက်ဆောင်ရွက်ဖို့နဲ့ မြန်မာ့အရေး အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ပေါ်လာအောင် လုပ်ကြဖို့ ဆွေးနွေးခဲ့ပါတယ်။
ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် မစ္စဂျူလီဘိရှော့ပ်ဟာ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဒီနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ လာအိုနိုင်ငံ၊ နောက်နှစ်အာဆီယံ ဥက္ကဋ္ဌတာဝန်ယူမဲ့ မလေးရှားနိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပါတယ်။