ကုလသမဂ္ဂနဲ့ ရခိုင် အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မောင်မောင်အုန်း တွေ့ဆုံ
လာမယ့် ဒီဇင်ဘာလမှာ ရခိုင်ပြည်နယ် စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့တွေကို လျှပ်စစ် မီးရရှိအောင် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း ရခိုင်ပြည် နယ်ဝန်ကြီးချုပ်အဖြစ် သမ္မတဦးသိန်းစိန်က အဆိုပြု ထားခံ ရတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းက ဒီနေ့ ပြောပါတယ်။
-
2014-06-27 -
-
-
Your browser doesn’t support HTML5 audio
လာမယ့် ဒီဇင်ဘာလမှာ ရခိုင်ပြည်နယ် စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့တွေကို လျှပ်စစ်မီးရရှိအောင် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် သမ္မတဦးသိန်းစိန်က အဆိုပြု ထားခံရတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းက ဒီနေ့ ပြော ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဗိုလ်ချုပ်မောင်မောင်အုန်းဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ နဲ့ ဆွေးနွေးအပြီးမှာ အခုလိုပြောပါတယ်။
"လာမဲ့ ဒီဇင်ဘာဆိုရင် စစ်တွေနဲ့ ပုဏ္ဏားကျွန်မှာ မီးရမှာရှိတယ်၊ မီးရရင်ဘာလုပ်မလဲ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမှာ စက်မှှုဇုံကြီးတွေ ဖြစ်လာမယ်၊ ရသေ့တောင်တဝှမ်းမှာ စိုက်ခင်းတွေ လုပ်လာမယ်၊ အခုဆိုရင် ကျောက်ဖြူက တကယ့်ကို နိုင်ငံတကာ ကစောင်ကြည့်နေတဲ့ ကြီးမားသော ပရောဂျက်ကြီး၊ ပြီးရင် မြောက်ဦးမှာ ဟိုတယ်ဇုံ ရှေးဟောင်းအမွေအနှစ်တွေ နဲ့ စသည်ဖြင့်ပေါ့လေ"
ဒါ့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်တွင်း ပြည်ပ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ပြည်နယ်အစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ ဒီနေ့ ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ဖံ့ွဖြိုးတိုးတက်ရေးအတွက် မြန်မာငွေ ကျပ်သန်းပေါင်း တစ်သောင်း ငါးထောင်ကို သုံးစွဲခွင့်ပြုထားတယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်ထွန်းနိုင် သတင်းပေးပို့ထားတာကိုလည်း နားဆင်နိုင် ပါတယ်။