ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ်တောင်းဆို

စွပ်စွဲခံရတဲ့သူမှာ ပြန်လည်ခုခံပိုင်ခွင့်ရသင့်ပြီး တရားခွင်တွေဟာလည်း အများပြည်သူထင်သာမြင်သာရှိတဲ့ တရားခွင်မျိုး ဖြစ်ရမယ်လို့ဆိုပါတယ်။

၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သည့် နှစ်ကုန်သတင်းစာရှင်းလင်းပွဲတက်ရောက်လာသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်။ AFP

ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တောင်းဆိုကြောင်း ပြောခွင့်ရှိသူက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက နောက်ဆုံးပြစ်ဒဏ်တွေ ချလိုက်တာနဲ့ပတ်သက်လို့ အတွင်းရေးမှူးချုပ်က အထူးစိုးရိမ်လျှက်ရှိတယ်လို့ ဆိုပါတယ်။

စွပ်စွဲခံရတဲ့သူမှာ ပြန်လည်ခုခံပိုင်ခွင့်ရသင့်ပြီး တရားခွင်တွေဟာလည်း အများပြည်သူထင်သာမြင်သာရှိတဲ့ တရားခွင်မျိုး ဖြစ်ရမယ်လို့ဆိုပါတယ်။

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က လျှို့ဝှက်တရားခွင်နဲ့ ထောင်တွင်းတရားရုံးတွေကနေ စစ်ဆေးပြီး စွပ်စွဲချက်အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတဦးဝင်းမြင့်နဲ့ မတရားဖမ်းဆီးခံထားရသူတွေ အားလုံးကို လွှတ်ပေးဖို့လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က တောင်းဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org