ကမ္ဘာတဝှမ်းမှာ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှု တသောင်းကျော်ရှိ
မြန်မာ၊ တောင်ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေက ကလေးငယ်တွေဟာ အသက်ကယ် ဆယ်ရေး အထောက်အကူ အစီအစဉ်တွေ မရရှိမခံစားနိုင်ဘဲ ဖြစ်နေရတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတစောင်က ဖော်ပြပါတယ်။
-
2018-06-28 -
-
-
မြန်မာ၊ တောင်ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေက ကလေးငယ်တွေဟာ အသက်ကယ်ဆယ်ရေး အထောက်အကူအစီအစဉ်တွေ မရရှိမခံစားနိုင်ဘဲ ဖြစ်နေရတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတစောင် က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်အတွင်း ကမ္ဘာတဝှမ်းမှာ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုပေါင်း ၁၂ဝဝဝ ကျော် ရှိခဲ့တဲ့အတွက်၊ ၂ဝ၁၆ ခုနှစ်ကထက် သိသိသာသာ ပိုများလာတယ်လို့ “လက်နက်ကိုင်ပဋိပက္ခနဲ့ ကလေးငယ်များ” ဆိုတဲ့ နှစ်ပတ်လည်အစီရင်ခံစာက ဆိုပါတယ်။
အဲဒီချိုးဖောက်မှု နှစ်သောင်းကျော်ထဲမှာ အီရတ်၊ မြန်မာ၊ ဗဟို အာဖရိက၊ ကွန်ဂို၊ တောင်ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေက ကလေးငယ် တသောင်းလောက် ပါဝင်တယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးငယ်တသောင်းကျော် သေဆုံးခဲ့ရပြီး၊ အဓမ္မပြုကျင့်ခံရသူ၊ စစ်သားအဖြစ် အဓမ္မစုဆောင်းခံရသူ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ တိုက်ခိုက်ခံရတဲ့ထဲမှာ ပိတ်မိနေကြသူ ကလေးငယ်တွေလည်း အများအပြား ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးစစ်သားအဖြစ် အဓမ္မခိုင်းစေခံရတဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တွေ ပါဝင်နေပြီး ဆူဒန်၊ မြန်မာ၊ ဆီးရီးယား၊ ယီမင် စတဲ့နိုင်ငံတွေက ကလေးငယ်တွေဟာ ကယ်ဆယ်ရေး အစီအစဉ်တွေနဲ့ အလှမ်းဝေးနေကြရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
၂ဝ၁၆ ခုနှစ်က ကမ္ဘာတဝှမ်း ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုပေါင်း တသောင်းငါးထောင့်ငါးရာဝန်းကျင် ရှိခဲ့ပါတယ်။