ဦးခင်အောင်မြင့်နဲ့အဖွဲ့ ဘယ်လာရုစ် သွားမည်

အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင် တဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံကို မကြာခင်ရက်ပိုင်းအတွင်း သွားရောက်ကြမယ်လို့ Belarusian News သတင်းက ဖေါ်ပြ ပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ပုံ

အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံကို မကြာခင်ရက်ပိုင်းအတွင်း သွားရောက်ကြမယ်လို့ Belarusian News သတင်းက ဖေါ်ပြပါတယ်။

ဘယ်လာရုစ် အမျိုးသားလွှတ်တော်ကောင်စီရဲ့ ဖိတ်ကြားချက်အရ မေလ ၂၁ရက်နေ ၂၄ ရက်နေ့အထိ သွားရောက်လည်ပတ်ကြမှာဖြစ်ကြောင်း သိရပါတယ်။

ဦးခင်အောင်မြင့်နဲ့အဖွဲ့ဟာ ဘယ်လာရုစ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး၊ အခမ်းအနားတချို့ကို တက်ရောက်ကြမယ့်အပြင်၊ သမိုင်းဝင်နေရာတွေ၊ ယဉ်ကျေးမှုဆိုင်ရာနေရာတွေကို လည်း သွားရောက်လေ့လာကြမယ်လို့ သတင်းမှာဖေါ်ပြ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org