ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ အနိုင်ရ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို မဲအများဆုံးနဲ့ ရွေးကောက်ပွဲအောင်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်က အတည်ပြုပါတယ်။

၂၀၂၀၊ အောက်တိုဘာ ၂၀ ရက်နေ့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း ပြုလုပ်တဲ့ သရုပ်ပြမဲပေးရေး အစီအစဉ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုစဉ် ဓာတ်ပုံ -သီဟထွန်း/ RFA

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို မဲအများဆုံးနဲ့ ရွေးကောက်ပွဲအောင်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်က အတည်ပြုပါတယ်။

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် ပြည်သူလွှတ်တော်မှာ NLD ပါတီက ခိုင်လုံမဲ ၆၅၉၂၄ မဲရှိပြီး အနိုင်ရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်က ဒီနေ့ မနက်ပိုင်းက ကြေညာခဲ့တာပါ။

ကော့မှူးမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၉၈၆၇၈ မဲရှိပြီး မဲဆန္ဒရှင် ၇၉၁၁၅ က လာရောက်မဲပေးခဲ့ပါတယ်။

ဒီအထဲမှာ ပြည်သူလွှတ်တော်မှာ ခိုင်လုံမဲ ၇၇၄၅၅ ရှိပြီး NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်က ၆၄၉၂၄ မဲ၊ USDP က ၁၁၇၂၇မဲ၊ UBP က ၄၇၈မဲ၊ UNDP ပါတီက ဦးဒေးဗစ်လှမြင့်က ၁၆၉မဲနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးဌေးအောင်က ၃၅မဲ ရရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကစပြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ရွေးကောက်ပွဲ သုံးကြိမ်ရှိပြီဖြစ်ပြီး သုံးကြိမ်လုံး မဲအပြတ်သတ်နဲ့ အောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ကော့မှူးမြို့နယ်မှာ စက်မှုဇုန်တွေတည်ဆောက်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာဖို့ ဒေသခံတွေက လိုလားကြောင်း ပြောကြပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org