မြန်မာမှာ တီဘီကုသမှု အတားအဆီးရှိနေကြောင်း MSF ထုတ်ပြန်

မြန်မာနိုင်ငံဟာ တီဘီရောဂါ အများဆုံးဖြစ်ပွားနေတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ ပါဝင်နေဆဲဖြစ်ကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ ဆေးဆိုင်တစ်ခုကို ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းက စစ်ဆေးမှုများ လုပ်နေစဉ်။ MOI

မြန်မာနိုင်ငံဟာ တီဘီရောဂါ အများဆုံးဖြစ်ပွားနေတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ ပါဝင်နေဆဲဖြစ်ကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က မတ်လ ၂၄ ရက်နေ့ မှာ ထုတ်ပြန်ပါတယ်။

တီဘီဟာ ကုသလို့ ပျောက်ကင်းတဲ့ ရောဂါတစ်ခုဖြစ်ပေမဲ့ မြန်မာနိုင်ငံက တီဘီရောဂါ လူနာအများအပြားဟာ ကုသမှု လက်လှမ်းမီရနိုင်ဖို့ ကြိုးစားရုန်းကန်နေကြရတယ်လို့ ဆိုပါတယ်။

မြန်မာမှာ ရိုးရိုးတီဘီ၊ ဆေးယဉ်ပါးတီဘီ နဲ့ HIV နဲ့ ပူးတွဲဖြစ်ပွားတဲ့ တီဘီရောဂါတို့ သုံးမျိုးပေါင်း ဖြစ်ပွားတဲ့ဒဏ် ခံနေရတယ်လို့လည်း ဖော်ပြပါတယ်။

ကုသမှုမှာ အကန့်အသတ်ရှိခြင်း၊ ပဋိပက္ခဖြစ်ပွားမှုနဲ့ မတည်ငြိမ်ဖြစ်မှု၊ ဆေးဝါးထောက်ပံ့မှု၊ စီးပွားရေးအခက်အခဲ၊ ခွဲခြားနှိမ့်ချ ဆက်ဆံမှုနဲ့ ခက်ခဲတဲ့ ကုသမှု ခရီးလမ်း စတာတွေက မြန်မာမှာ တီဘီကုသမှု လက်လှမ်းမီရေးကို အဓိက အတားအဆီးဖြစ်နေတယ်လို့ ဆိုပါတယ်။

မရှိမဖြစ်လိုအပ်တဲ့ ကုသမှု မရတဲ့ တီဘီရောဂါ လူနာတွေရဲ့ ကျန်းမာရေးအတွက် MSF က စိုးရိမ်တယ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org