နိုင်ငံရေးယဉ်ကျေးမှုနိမ့်ကျတာကြောင့် ပြည်ထောင်စုမတည်ဆောက်နိုင်တာဖြစ်ကြောင်း TNLA ပြော

ပြည်ထောင်စုနိုင်ငံမတည်ဆောက်နိုင်တာဟာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး၊ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေတဲ့အခြေအနေကို ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲတွင် TNLA တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ရစဥ်။ PSLF/TNLA News

မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး၊ တော်လှန်ရေးခေါင်းဆောင်တွေဟာ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျတာကြောင့် ပြည်ထောင်စု မတည်ဆောက်နိုင်တာဖြစ်ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောလိုက်ပါတယ်။

၇၈ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ TNLA က ထည့်သွင်းပြောဆိုထားတာပါ။ ဘယ်အဖွဲ့အစည်းတွေကြောင့်ဆိုတာကိုတော့ ထည့်သွင်းပြောဆိုတာ မရှိပါဘူး။

လက်ရှိအချိန်ထိ ပြည်ထောင်စုနိုင်ငံမတည်ဆောက်နိုင်တာဟာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး၊ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေတဲ့အခြေအနေကို ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုနိုင်ငံ အခြေမတည်ဘဲ ပျက်စီးနေရတာ၊ နိုင်ငံအတွင်းက ဌာနေ လူမျိုးတွေ ကိုယ်ပိုင်ပြဌာန်းခွင့်ဆုံးရှုံးရတဲ့ အဓိကတရားခံဟာ မြန်မာစစ်ခေါင်းဆောင်နဲ့ စစ်အာဏာရှင်တွေကြောင့်လို့လည်း ပြောထားပါတယ်။

၇၈ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားတာကို ကျေးဇူးတင်ကြောင်းနဲ့ အရင်က ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပတာကနေ အခုအခါမှာ ပင်လုံစာချုပ်ချုပ်ဆိုတဲ့ အခမ်းအနားလို့ ပြောင်းလဲလိုက်တာဟာ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုပြဿနာ ကြီးမားစွာရှိနေတယ်ဆိုတာကို ဝန်ခံရာရောက်သလို အဖြေရှာဖို့ ကြိုးပမ်းနေဆဲလို့ ရှုမြင်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အာဏာရှင်အဆက်ဆက်၊ အစိုးရအဆက်ဆက်နဲ့ နိုင်ငံရေးပါတီတွေဟာ မတူကွဲပြားတဲ့ လူမျိုးတွေကို မြန်မာပြည်အဝန်းအဝိုင်းမှာ နိုင်ငံရေးအခွင့်အရေးတွေ သာတူညီမျှ လွတ်လပ်စွာ ခံစားနိုင်စေဖို့ မပေးစွမ်းနိုင်ဘဲ တိုင်းပြည်ကို စစ်နဲ့ ဆင်းရဲမွဲတေမှုတွေကိုသာ ဖန်တီးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်မှာရှိတဲ့ နိုင်ငံသားတိုင်း၊ လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ကြောင်းနဲ့ ပင်လုံစာချုပ်မှာ ချုပ်ဆိုတဲ့ နိုင်ငံရေးအနှစ်သာရတွေကို တော်လှန်ရေးအင်အားစုတွေ ပြည့်ပြည့်ဝဝ ကြိုးပမ်းအကောင်အထည်ဖော်သင့်ပြီလို့ တိုက်တွန်းကြောင်းလည်း TNLA က ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ဦးဆောင်ပြီး ပြီးခဲ့တဲ့နှစ်က ကျရောက်တဲ့ ၇၇ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အခမ်းအနားကို ကျင်းပရာမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက လူမျိုးရေးခွဲခြားမှုနဲ့ လူမျိုးရေးဖိနှိပ်မှု အတွေးအခေါ် အယူအဆတွေကို ဖယ်ရှားပစ်ဖို့လိုကြောင်း ပြောခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org