တပ်မတော်ထိုးစစ်ရပ်ပေးဖို့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ တောင်းဆို

တပ်မတော်က ကိုးကန့်၊ တအာင်း၊ ရခိုင်ဒေသတွေမှာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက် တာတွေဟာ တွေ့ဆုံဆွေးနွေးပွဲတွေကို နောက်ပြန်ဆုတ်စေပြီး ရပြီးသား ယုံကြည်မှုတွေကိုလည်း ထိခိုက်စေနိုင်တာကြောင့် ထိုးစစ် အမြန်ရပ်တန့်ဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ TNLA, MNDAA, AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် Photo: Arakan Army

တပ်မတော်က ကိုးကန့်၊ တအာင်း၊ ရခိုင်ဒေသတွေမှာ  ပြင်းပြင်းထန်ထန်  ထိုးစစ်ဆင်တိုက်ခိုက်တာတွေဟာ တွေ့ဆုံဆွေးနွေးပွဲတွေကို နောက်ပြန်ဆုတ်စေပြီး ရပြီးသား ယုံကြည်မှုတွေကိုလည်း ထိခိုက်စေနိုင်တာကြောင့် ထိုးစစ် အမြန်ရပ်တန့်ဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

တပ်မတော်က  အရပ်သား ပြည်သူတွေရှိတဲ့နေရာတွေကိုလည်း  လက်နက်ကြီး၊ လက်နက်ငယ်၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး နေ့ညမရွေး တိုက်ခိုက်နေတယ်လို့ MNDAA, TNLA, AA သုံးဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာ စွပ်စွဲဖော်ပြ ထားပါတယ်။

အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးနိုင်ရေးအတွက် ဒီသုံးဖွဲ့က ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အပစ် ရပ်ကြောင်း ကြေညာခဲ့တဲ့ အခြေအနေမှာ ထိုးစစ်ဆင်ခံနေရလို့ တိုက်ပွဲတွေ ဖြစ်ပွားနေရတာလို့ ကြေညာချက်က ဆိုပါတယ်။

ညီနောင်သုံးဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့။ အတွင်းရေးမှူး၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နယ်မြေတိုးချဲ့တာ အင်အားတိုးချဲ့တာ ပြည်သူ လူထုအပေါ်နှိပ်စက်တာတွေ မရှိရင် တိုက်ပွဲတွေဖြစ်လာဖို့ မရှိဘူးလို့ အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ဖို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်၊ လက်မှတ်ထိုးနိုင်ခြင်းရှိမရှိဟာ ဆွေးနွေးတဲ့အချိန်မှာ ဆွေးနွေးတဲ့အကြောင်း အရာပေါ် မူတည်တယ်လို့ သူက ဆက်ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org