ကျပ် ၈၂ သန်းဖိုး မူးယစ်ဆေးများ TNLA တပ်ဖွဲ့က ဖမ်းဆီးရမိ

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်များ နဲ့ အုပ်ချုပ်ရေးအဖွဲ့တို့မှ မန်တုံမြို့နယ်၊ မုံးခတ်ကျေးရွာမှာ နိုဝင်ဘာလ ၂၈ ရက်နေ့ က ရှောင်တခင်စစ်ဆေးရေး လုပ်ငန်းဆောင်ရွက်ခဲ့ရာ ဘိန်းနဲ့ မူးယစ်ဆေးဝါးများ တန်ဖိုးငွေ ကျပ် ၈၂ သန်းကျော် ဖမ်းဆီးရမိတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေး ဌာန က ကြေညာပါတယ်။

TNLA မူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ ဘိန်းနဲ့ မူးယစ်ဆေးဝါးတွေကို တွေ့ရစဉ် ဓါတ်ပုံ - PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်များ နဲ့ အုပ်ချုပ်ရေးအဖွဲ့တို့မှ  မန်တုံမြို့နယ်၊ မုံးခတ်ကျေးရွာမှာ နိုဝင်ဘာလ ၂၈ ရက်နေ့က ရှောင်တခင်စစ်ဆေးရေး လုပ်ငန်းဆောင်ရွက်ခဲ့ရာ ဘိန်းနဲ့ မူးယစ်ဆေးဝါးများ  တန်ဖိုးငွေ ကျပ် ၈၂  သန်းကျော်  ဖမ်းဆီးရမိတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ကြေညာပါတယ်။

နမ့်ခမ်းမြို့နယ်၊ မန်ပန်ကျေးရွာနေ ဦးပိန်းခါည်ဖူရဲ့နေအိမ်မှာ ဆပ်ပြာခွက်ဖြင့်ထည့်ထားတဲ့ ဘိန်းဖြူ  ၅၅ ခွက်၊ ယာဘဆေးပြား အထုတ် ၂ဝဝ ၊ ဘိန်းမည်း ၂ ပိဿာကို ဖမ်းမိတာဖြစ်တယ်။

အဲ့ဒီ ဖမ်းဆီးရမိတဲ့ တရားခံအား  PSLF/TNLA တပ်ဖွဲ့ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများအား PSLF/TNLA တပ်ဖွဲ့ နှစ်ပတ်လည်နေ့တွင် တစ်နှစ်တာဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအားလုံးကို အများပြည်သူ၊ ရှေ့တွင် အခမ်းအနားဖြင့် စုပေါင်းမီးရှို့ဖျက်ဆီးမည်လို့ ဖေါ်ပြ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org