သိမ်ဖြူမီးရထား ဝန်ထမ်းအိမ်ယာ မီးလောင်

မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်ဘူတာ ကြီးနားက မီးရထားဝန်ထမ်းအိမ်ယာမှာ မနေ့ည ၁၀ နာရီ လောက်ကစပြီး မီးလောင်လို့ လိုင်းခန်း ၂၀ လောက် ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

သိမ်ဖြူမီးရထား ဝန်ထမ်းအိမ်ယာ မီးလောင်မီးလောင်နေသည်ကို ဇန်နဝါရီလ ၂၇ ရက်နေ့ညက မီးညှိမ်းသတ်နေစဉ် Photo: Htet Arker/ RFA

မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်ဘူတာကြီးနားက မီးရထားဝန်ထမ်းအိမ်ယာမှာ မနေ့ည ၁၀ နာရီ လောက်ကစပြီး မီးလောင်လို့ လိုင်းခန်း ၂၀ လောက် ဆုံးရှုံးသွားတယ်လို့သိရပါတယ်။

မီးသတ်ကားအစီး ၂၀ လောက်သွားပြီး ညှိမ်းသတ်ခဲ့တဲ့နောက် နာရီဝက်ကျော်ကျော်လောက်မှာ မီးညွှန့်ကျိုးသွားတယ်လို့ သိရပါတယ်။

နေ့စားအလုပ်သမားလိုင်းခန်းကနေ မီးစလောင်ခဲ့ပေမယ့် မီးစလောင်တဲ့အကြောင်းရင်းကိုစုံစမ်း နေဆဲပဲလို့ ရန်ကုန်တိုင်းရဲတပ် ဖွဲ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org