ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ဓါတ်ပုံပြပွဲ မြန်မာသမ္မတ တက်ရောက်

တရုတ်ပြည် ဘေဂျင်းမြို့မှာ မနေ့က ကျင်းပခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက် နှစ်(၆ဝ) ပြည့် အထိမ်းအမှတ် ဓါတ်ပုံပြပွဲကို တရုတ် ဒု သမ္မတ လီယွမ်ချောင်း၊ မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ အိန္ဒိယ ဒု သမ္မတ မာမစ် အာဆာရီ တို့ တက်ရောက်ခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ဇွန်လ ၂၉ ရက်နေ့က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက် နှစ်(၆ဝ) ပြည့် အထိမ်းအမှတ် ဓါတ်ပုံပြပွဲကို တက်ရောက်ကြည့်ရှုစဉ် Photo:hmuu zaw facebook

တရုတ်ပြည် ဘေဂျင်းမြို့မှာ မနေ့က ကျင်းပခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက် နှစ်(၆ဝ) ပြည့် အထိမ်းအမှတ် ဓါတ်ပုံပြပွဲကို တရုတ် ဒု သမ္မတ လီယွမ်ချောင်း၊ မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ အိန္ဒိယ ဒု သမ္မတ မာမစ် အာဆာရီ တို့ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီ ဓါတ်ပုံပြပွဲမှာ ၁၉၅၄ ခုနှစ်က တရုတ်၊ အိန္ဒိယ နဲ့ မြန်မာ နိုင်ငံတို့ ကမကထပြု ဆောင်ရွက်ခဲ့ကြတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက် နဲ့ သက်ဆိုင်တဲ့ သမိုင်းဝင် ဓါတ်ပုံပေါင်း (၈ဝ) ကျော် ပြသ ခဲ့ပါတယ်။

ဒီအတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ ဘေဂျင်းမြို့မှာ မနေ့က တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန်ရဲ့ တရုတ်ပြည်ခရီးစဉ် တိုးတက်အောင်မြင်မှုတွေ ရှိကြောင်း ပြောဆိုခဲ့ ကြပြီး၊  နှစ်နိုင်ငံ ကြား အပြန်အလှန်ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ဖို့၊ နှစ်နိုင်ငံကြား အကြီးစား စီမံကိန်း ကြီးတွေ အဆင်ချောအောင် ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့  ဆင်ဝှာသတင်း က ဖေါ်ပြပါတယ်။

ဒါပေမဲ့ မြစ်ဆုံစီမံကိန်းလို မြန်မာနိုင်ငံတွင်းမှာ ပြဿနာဖြစ်နေတဲ့ စီမံကိန်းတွေ ရဲ့ အလားအလာနဲ့ ပတ်သက်ပြီး ဘယ်လို သဘောတူညီခဲ့ကြသလဲဆိုတာ မသိရပါဘူး။သမ္မတ ဦးသိန်းစိန် နဲ့ အဖွဲ့ဟာ တရုတ်ပြည်ကနေ မြန်မာနိုင်ငံကို ဒီကနေ့ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org