ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီ ခလယ်ဒေးစခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

ဒီစခန်းကို မတ်လ ၂၂ရက်နေ့ကစပြီး KNLA တပ်ရင်း(၂၂)နဲ့ တခြားတပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ Takခရိုင်ဘက် ထွက်ပြေးခဲ့သည့် ကရင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၅ ခုနှစ်၊ မတ်လ ၂၃ ရက်က တွေ့ရစဉ်။ Khaosod English

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ KNLAတပ်မဟာ(၇)နယ်မြေ လှိုင်းဘွဲ့မြို့နယ်တွင်းက စစ်ကောင်စီ ခလယ်ဒေးစခန်းကို မတ်လ ၂၅ ရက် ညနေ၄နာရီမှာ KNLA ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက RFAကို ပြောပါတယ်။

ဒီစခန်းကို မတ်လ ၂၂ ရက်နေ့ကစပြီး KNLAတပ်ရင်း(၂၂)နဲ့ တခြားတပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ထံက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး စာရင်းမသိရသေးကြောင်း၊ တပ်သားတွေလည်း စခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

မြန်မာဘက်က ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ သတင်းမရရှိကြောင်း ထိုင်းစစ်တပ်အရာရှိတစ်ဦးက ပြောပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFAက ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

ဒီတိုက်ပွဲတွေကြောင့် အမျိုးသမီး၊ ကလေးနဲ့ အသက်ကြီးသူတွေအပါအဝင် ဒုက္ခသည်၁၁၀ ခန့် မတ်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ Takခရိုင်ဘက် ထွက်ပြေးလာခဲ့ကြောင်း ထိုင်းသတင်း Khaosod ကလည်း ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org