စစ်ကောင်စီလွတ်ငြိမ်းမှာ ထိုင်းငါးဖမ်းသမား လေးဦး ပြန်မပါလာ

စစ်ကောင်စီက အကျဉ်းသားတချို့ကို လွတ်ငြိမ်းခွင့်ပေးရာမှာ မြန်မာနိုင်ငံရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်ငါးဖမ်းမှုနဲ့ ဖမ်ဆီးခံထားရတဲ့ ထိုင်းငါးဖမ်းသမား လေးဦး မပါဝင်တဲ့အပေါ် ထိုင်းအစိုးရက စိတ်ပျက်နေကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာ့ရေပိုင်နက်မှာ ဖမ်းဆီးခဲ့သည့် ထိုင်းရေလုပ်သား လေးဦး (အနီဖြင့်ကွင်းပြထား) အား တွေ့ရစဥ်။ Facebook/ กองทัพเรือ Royal Thai Navy

စစ်ကောင်စီက အကျဉ်းသားတချို့ကို လွတ်ငြိမ်းခွင့်ပေးရာမှာ မြန်မာနိုင်ငံရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်ငါးဖမ်းမှုနဲ့ ဖမ်ဆီးခံထားရတဲ့ ထိုင်းငါးဖမ်းသမား လေးဦး မပါဝင်တဲ့အပေါ် ထိုင်းအစိုးရက စိတ်ပျက်နေကြောင်း ဘန်ကောက်ပို့စ်က ဇန်နဝါရီ ၅ ရက်နေ့မှာ ဖော်ပြပါတယ်။

ထိုင်းရေလုပ်သားလေးဦးကို ပြန်လွှတ်ဖို့ မျှော်မှန်းထားပေမဲ့ မလွတ်မြောက်ခဲ့ဘူးလို့ ထိုင်းကာကွယ်ရေး ဝန်ကြီး ဖွန်သမ် ဝဲချ ရာချိုင် (Phumtham Wechayachai) က ဇန်နဝါရီ ၅ ရက်နေ့မှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက်ပြီး အနီးကပ်ဆောင်ရွက်နေတယ်လို့ ထိုင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ မိသားစုဝင်တွေဟာလည်း ကော့သောင်းမှာ တွေ့ဆုံထားပြီးဖြစ်သလို ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ ဆိုပါတယ်။ အဲဒီ ထိုင်းနိုင်ငံသားလေးဦး မကြာခင်ပြန်လွတ်မယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး အတည်ပြုထားပြီး နေ့ရက်အချိန်အတိအကျကိုတော့ မပြောထားပါဘူး။

ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက အကျဉ်းသားတချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာမှာ ထိုင်းနိုင်ငံသား ၁၅၁ ဦး ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်းငါးဖမ်းသမား လေးဦး မပါဝင်တဲ့အပေါ် စိတ်ပျက်မိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိကွန်ဒဲ ဘာလင်ကူ (Nikorndej Balankura) ကလည်း ဇန်နဝါရီ ၅ ရက်နေ့မှာ ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့က ကော့သောင်းမြို့နယ် မြန်မာရေပိုင်နက်ထဲမှာ ထိုင်း ငါးဖမ်းစက်လှေ တစ်စင်းနဲ့ အတူဖမ်းဆီးခံခဲ့ရတဲ့ ထိုင်းနိုင်ငံသားလေးဦးကို လက်ရှိမှာ စစ်ကောင်စီက မြန်မာနိုင်ငံရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်မှု ၊ တရားမဝင် ငါးဖမ်းမှုတွေနဲ့ ထောင်ဒဏ် လေးနှစ်က ခြောက်နှစ်အထိ ပြစ်ဒဏ်အသီးသီး ချမှတ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org