၀န်ထမ်းစည်းကမ်းဖောက်ဖျက်တဲ့ လဝက ဝန်ထမ်း ၄၀ ကျော်ကို အရေးယူ
လက်ရှိအစိုးရလက်ထက်မှာ ဥပဒေ စည်း မျဉ်းစည်းကမ်းတွေနဲ့ မညီဘဲ မှတ်ပုံတင် ထုတ်ပေးတဲ့ ဝန်ထမ်းတွေအပါအဝင် ဝန်ထမ်းစည်း ကမ်း ဖောက်ဖျက်တဲ့ လဝက ဝန်ထမ်း ၄၀ ကျော်ကို အရေး ယူဆောင်ရွက်ထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။
-
2016-11-24 -
-
-
လက်ရှိအစိုးရလက်ထက်မှာ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီဘဲ မှတ်ပုံတင် ထုတ်ပေးတဲ့ ဝန်ထမ်းတွေ အပါအဝင် ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်တဲ့ လဝက ဝန်ထမ်း ၄၀ ကျော်ကို အရေးယူဆောင်ရွက်ထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။
တိုင်ကြားမှုတွေအပေါ် စစ်ဆေးကာ ဝန်ထမ်းစည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ကထက် ၁၀ ဦးကျော် ပိုမိုအရေးယူထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။
"တချို့က မှတ်ပုံတင်နဲ့ပတ်သက်ပြီးတော့ လွဲမှားပြီးတော့ ထုတ်ပေးတဲ့အတွက် မှတ်ပုံတင်တွေ ပြန်သိမ်းပြီးတော့ အရေးယူရတာရော အမျိုးမျိုးရှိတယ်ဗျ၊ အဓိက အားလုံးခြုံလိုက်တာ ဝန်ထမ်းစည်းကမ်း ဖောက်ဖျက်မှုလို့ခေါ် တာပေါ့၊ ၁၀ ယောက်ကျော်ကျော်လောက် ပိုများလာတဲ့ သဘောရှိတယ်။ အရင်ကတော့ ၃၀ ကျော်ပေါ့ အခု ၄၀ ကျော်ဆိုတော့ ၁၀ ယောက်လောက် ပိုများလာပါတယ်"
အဲဒီလို အရေးယူခံရသူတွေထဲမှာ အောက်ခြေအဆင့်ကနေ အရာရှိအဆင့်အထိ ပါဝင်ပြီး ရာထူးလျှော့ချတာ၊ အလုပ်ကနေ ထုတ်ပယ်တာတွေအပြင် အချို့ကိုထောင်ချတဲ့အထိ အရေးယူဆောင်ရွက်ထားတယ်လို့ ဦးမြင့်ကြိုင် က ပြောပါတယ်။
အရေးယူခံရသူတွေထဲမှာ ပြည်နယ်နဲ့ တိုင်းအသီးသီးက ဝန်ထမ်းတွေပါဝင်ပြီး လစဉ်အရေးယူ ဆောင်ရွက် တာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။