နေပြည်တော်မှာ ဆူမီတိုမို ကော်ပိုရေးရှင်းရုံး ထပ်ဖွင့်မည်

မြန်မာနိုင်ငံတွင်း သတင်း ပြန်ကြားရေး လုပ်ငန်းဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်လို့ ကူညီနိုင်ဖို့အတွက် ဂျပန်နိုင်ငံက ဆူမီတိုမို ကော်ပိုရေးရှင်း ( Sumitomo Corporation) ဟာ ရန်ကုန်မှာရှိတဲ့ ရုံးအပြင် နောက်ထပ် ရုံးတစ်ရုံးကို သြဂုတ်လ ၁ ရက်နေ့မှာ နေပြည်တော်မှာ ထပ်မံ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနစ် ဖော်ဆောင်ရေးနဲ့အတူ စီးပွားရေး ကန့်သတ် ထိန်းချုပ်မှုတွေကို ပြောင်းလဲနေတဲ့ လုပ်ငန်းတွေထဲ ဒီကော်ပိုရေးရှင်း အဖွဲ့အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်အောင် ရည်ရွယ်ပြီး ဖွင့်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီ ဆူမီတိုမို ကော်ပိုရေးရှင်းဟာ မြန်မာနိုင်ငံမှာ ၁၉၅၄ တုန်းက ရန်ကုန်မှာ ပထမတစ်ကြိမ် ရုံးဖွင့်လှစ်ခဲ့ဖူးပြီး အဲဒီတုန်းကတော့ ရထားတွဲ ဆောက်လုပ်ရေး၊ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ ယန္တရား ပစ္စည်းတွေအပြင် မော်တော်ယာဉ်နဲ့ ဓာတုဆေးဝါးဆိုင်ရာ လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်။

ဆူမီတိုမို ကော်ပိုရေးရှင်းကို ဂျပန်နိုင်ငံမှာ ၁၉၁၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး အခု နိုင်ငံပေါင်း ၆၀ ကျော်မှာ ရုံးခန်းတွေ ဖွင့်လှစ်ပြီး လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org