မီးလောင်သွားတဲ့ နေအိမ်တစ်ရာကျော်အတွက် SSPP တပ်ဖွဲ့ သိန်း ခြောက်ရာကျော် ထောက်ပံ့
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း ပဋိပက္ခကြား အရပ်သားတွေ နေရပ်စွန့်ခွာနေရချိန် နေအိမ်မီးလောင် ပျက်စီးခဲ့တဲ့ ရွာ ၅ ရွာ အတွက် ကျပ်သိန်းခြောက်ရာ သုံးဆယ်ကို ကာယကံရှင် ရွာသားတွေကို ပေးအပ်ခဲ့တာပါ။
- 2021-05-18
-
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း ပဋိပက္ခကြား အရပ်သားတွေ နေရပ်စွန့်ခွာနေရချိန် နေအိမ်မီးလောင်ပျက်စီးခဲ့တဲ့ ရွာ ၅ ရွာ အတွက် ကျပ်သိန်းခြောက်ရာ သုံးဆယ်ကို ကာယကံရှင် ရွာသားတွေကို ပေးအပ်ခဲ့တာပါ။
ပန်လုံ၊ မန်ကျန်း၊ မန်ဆာ၊ မန်လီ၊ ရေအိုး ကျေးရွာတွေက မိသားစုတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA က ဒီကန့မနက်မှာ ခေါ်ယူတွေ့ဆုံပြီး ပြန်လည်ထူထောင်ရေးအတွက် ပေးအပ်ခဲ့ပါတယ်။
နမ္မတူမြို့နယ်အတွင်းမှာ အခုနှစ် ဧပြီလဆန်းပိုင်းကစပြီး ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းအဖွဲ့တွေနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ တပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။
ချောင်းဆာ၊ ပန်လုံ၊ ရေအိုး အပါအဝင် အနီးအနားကျေးရွာတွေက ရွာသား နှစ်ထောင်ကျော် နေရပ်စွန့်ခွာနေရ ဆဲဖြစ်ပြီး ကျေးရွာ ငါးခုက နေအိမ် အလုံးပေါင်း တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။
မေလ ၁၇ ရက်နေ့ မနေ့ကလည်း နမ္မတူမြို့နယ် မန်ဆာနဲ့ ပန်ဟတ်ကျေးရွာအနီးမှာ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP၊ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းအဖွဲ့တွေနဲ့ ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီတပ်တွေ တိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့ပြီး ရွာသားတွေ ထပ်မံနေရပ်စွန့်ခွာနေရပါတယ်။