မုံရွာသတင်းထောက် သေဆုံးမှု အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး

Eleven Media Group ရဲ့ မုံရွာမြို့ အခြေစိုက် သတင်းထောက် ကိုစိုးမိုး ထွန်း သေဆုံးမှုကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးနေတယ်လို့ မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့် က ပြောပါတယ်။

အသတ်ခံရတဲ့ Eleven Media Group ရဲ့ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း အမှု အမြန်ဆုံးပေါ်ပေါက်ဖို့ သတင်းမီဒီယာသမားတွေ စုပါင်းပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့ညက ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းခဲ့စဉ် Photo: Aung Thain Kha/RFA

Eleven Media Group ရဲ့ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း သေဆုံးမှုကို အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးနေတယ်လို့ မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့် က ပြောပါတယ်။

အမှုမှန်ပေါ်ပေါက်အောင် ဖော်ထုတ်နိုင်ဖို့အတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့တွေပါဝင်တဲ့ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး သံသယရှိသူတွေကို စစ်ဆေးနေတာဖြစ်တယ်လို့ ဒုရဲမှူး သိန်းဆွေမြင့် က ပြော ပါတယ်။

"၁၃ ရက်နေ့ကစပြီး ဒီအမှုကို တစိုက်မတ်မတ်ဖော်ထုတ်ဖို့ ဆိုပြီးတော့ အထူးအဖွဲ့ ဖွဲ့ထားပါတယ်၊ အဲဒီနေ့ကစပြီး သံသယဖြစ်ဖွယ်ရာ လမ်းကြောင်းတွေကို အကုန်ပိတ်ဆို့ပြီးတော့ နေ့ရောညပါ စောင့်ကြပ်ကြည့်ရှုပြီးတော့ စုံစမ်းတဲ့အဖွဲ့ စစ်ဆေးတဲ့အဖွဲ့ အပိုင်းနှစ်ပိုင်းခွဲပြီးတော့ စစ်ဆေးနေပါတယ်။အခုတော့ သံသယဖြစ်ဖွယ်ရာလူတွေ ကို ချုပ်ရမန်ယူပြီးတော့ ဆက်လက်စစ်ဆေးဖို့ အခြေအနေအထိတော့ ပြင်ဆင်ထားပါတယ်။ ကျနော်တို့ သံသယ ရှိသူတွေနဲ့ သံသယအားကောင်းတဲ့သူတွေကို ခေါ်ပြီးတော့ စစ်ဆေးနေပါတယ်"

ကိုစိုးမိုးထွန်းရဲ့ မိသားစုဝင်တွေကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က ဒီနေ့ တွေ့ဆုံအားပေး ခဲ့ပြီး အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြောခဲ့ကြောင်း ကိုစိုးမိုးထွန်းရဲ့ ဇနီးဖြစ်သူ မခင်ချိုလတ် က ပြောပါတယ်။

ကိုစိုးမိုးထွန်းကို ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၂ နာရီခွဲဝန်းကျင်က  မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင် စုလမ်းမကြီးဘေးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာနှစ်ချက်၊ မျက်နှာဖူးယောင်ဒဏ်ရာတွေနဲ့ မှောက်လျက် သေဆုံးနေတာ ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီအမှုနဲ့ ပတ်သက်ပြီး မုံရွာမြို့ မြို့မ ရဲစခန်းမှာ ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်ထား ပါတယ်။

အသက် ၃၅ နှစ်အရွယ် သေဆုံးသူ ကိုစိုးမိုးထွန်းဟာ တရားမဝင် သစ်မှောင်ခိုကိစ္စတွေနဲ့ မုံရွာမြို့ပေါ်မှာ တရားမဝင် ကေတီဗီတွေ များလာတဲ့အကြောင်း သတင်းရေးသားခဲ့သူဖြစ်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ သတင်းသမားတချို့က ကိုစိုးမိုးထွန်း အသတ်ခံရမှုကို ဝမ်းနည်းတဲ့အနေနဲ့ ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org