မင်္ဂလာဒုံမြို့နယ်က ရပ်ကွက်ငါးခုကို နှစ်ရက်အတွင်းရွှေ့ပြောင်းဖို့ စစ်ကောင်စီ ထပ်မံကြေညာ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုက တပ်ပိုင်မြေမှာပါဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြောင်းရွှေ့ဖယ်ရှားခိုင်းထားတဲ့ ရပ်ကွက် ငါးခုကို နိုဝင်ဘာလ ၂၆ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ဖယ်ရှားပေးဖို့ နိုဝင်ဘာ ၂၄ ရက် ဒီနေ့မှာ စစ်ကောင်စီ ဒေသအုပ်ချုပ်ရေးအဖွဲ့က ထပ်မံကြေညာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု မြဲမြံအောင်ရပ်ကွက်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုက တပ်ပိုင်မြေမှာပါဝင်နေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြောင်းရွှေ့ဖယ်ရှားခိုင်းထားတဲ့ ရပ်ကွက် ငါးခုကို နိုဝင်ဘာလ ၂၆ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ဖယ်ရှားပေးဖို့ နိုဝင်ဘာ ၂၄ ရက် ဒီနေ့မှာ စစ်ကောင်စီ ဒေသအုပ်ချုပ်ရေးအဖွဲ့က ထပ်မံကြေညာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ဆုံးသတ်မှတ်ရက်မှာ ပြောင်းရွှေ့မှုမရှိရင် လမ်းတွေကိုပါပိတ်ပစ်ဖို့အထိ ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီနေ့မှ မဖယ်လို့ရှိရင် ပစ္စည်းသယ်မယ့်ကားတွေလည်း အပြင်ထွက်လို့ မရဘူး။ ပစ္စည်းသယ်ဖို့ ဝယ်လာတဲ့ကားတွေလည်း အထဲကိုဝင်လို့မရဘူးလို့ ပြောပါတယ်ခင်ဗျ။ ပြီးရင်လည်း သူတို့ စက်အင်အား၊ ယန္တရားအင်အားနဲ့ ဖျက်သိမ်းမယ်ရှင်းလင်းမယ် လို့လည်း ပြောပါတယ်ခင်ဗျ”

မြို့နယ်အုပ်ချုပ်ရေးမှူး အမိန့်အရဆိုပြီး ဖျက်သိမ်းခိုင်းထားတဲ့ ရပ်ကွက်တွေထဲကို ဒီနေ့မှာ ကားနဲ့လှည့်ပတ် ကြေညာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပျဉ်းမပင် စက်မှုဇုန် ဧရိယာ ၅၆၀ ဒသမ ၀၆ ဧကခန့် မြေပေါ်မှာရှိတဲ့ ခွင့်ပြုမဲ့ အဆောက်အအုံတွေ အားလုံးကို နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးဖယ်ရှားဖျက်သိမ်းဖို့နဲ့ မဖယ်ရှားရင် ဥပဒေအရအရေးယူမယ်လို့ စစ်ကောင်စီရဲ့ မင်္ဂလာဒုံမြို့နယ်အဖွဲ့က နိုဝင်ဘာလ ၁၁ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားခဲ့တာပါ။

အဲဒီနောက်မှာတော့ စစ်ကောင်စီက နောက်ထပ်အချိန်သုံးရက်ထပ်ပေးပြီး နိုဝင်ဘာလ ၂၂ ရက်နေ့မှာ အပြီးရွှေ့ပြောင်းပေးဖို့ ထပ်မံကြေညာခဲ့ပါတယ်။

အခုတစ်ကြိမ်ဟာ ရွှေ့ပြောင်းဖယ်ရှားဖို့ သတိပေးကြေညာတာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။

ဖယ်ရှားဖို့ အမိန့်ထုတ်ခံရတဲ့နေရာမှာ စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီ၊ ဓမ္မပါလနဲ့ မြဝတီစိုက်ခင်းရပ်ကွက် စတဲ့ ရပ်ကွက် ငါးခုရှိပြီး အိမ်ခြေတစ်သောင်းဝန်းကျင်နဲ့ လူဦးရေ ငါးသောင်းနီးပါး နေထိုင်ပါတယ်။

လက်ရှိအချိန်မှာတော့ ဖယ်ရှားခိုင်းထားတဲ့ရပ်ကွက်တချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူထားပြီး လမ်းပိတ်စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org