တပ်မတော်က တရားစွဲဆိုထားသူ ၈ ဦးကို အမှုရုပ်သိမ်း

သတင်းမီဒီယာ ၆ ဦးနဲ့ အပါအဝင် စုစုပေါင်း ၈ဦး ကို တရားစွဲဆိုထားတဲ့အမှုတွေကို တပ်မတော်က ဒီကနေ့ ကျေအေးရုပ်သိမ်းပေးလိုက်ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ သတင်းသမား သုံးဦးကို စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ် Photo: Kan Thar/RFA

သတင်းမီဒီယာ ၆ ဦးနဲ့ အပါအဝင် စုစုပေါင်း ၈ ဦးကို တရားစွဲဆိုထားတဲ့အမှုတွေကို တပ်မတော်က  ဒီနေ့ ကျေအေး ရုပ်သိမ်းပေးလိုက်ပါတယ်။

တပ်မတော်က သတင်းမီဒီယာသမား ၆ ဦးကို ကျေအေးပေးတဲ့အမှုတွေထဲမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) တို့နဲ့ စွဲဆိုထားတဲ့ အမှုတွေပါဝင်ပါတယ်။ တပ်မတော်အနေနဲ့  သတင်း မီဒီယာသမားတွေကို အခုလို အမှုရုပ်သိမ်း ကျေအေးပေးတာကို  ကြိုဆိုတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီ ယာကောင်စီဝင် ဦးမြင့်ကျော် က ပြောပါတယ်။

"အခုလိုရုပ်သိမ်းပေးတာကို ကျနော်တို့ ကြိုဆိုတယ်၊ ဒါဖြစ်သင့် ဖြစ်ထိုက်တဲ့ လမ်းကြောင်းမျိုးဖြစ်လာ တဲ့အတွက် ကြိုဆိုတယ်၊ နောက်လည်း ဒီလိုမျိုးဖမ်းဆီးတာမျိုး မဖြစ်စေချင်ဘူးပေါ့နော်။ ပြဿနာကို သတင်းမီဒီယာကောင်စီနဲ့ဖြစ်ဖြစ် ဒီလိုမီဒီယာနဲ့ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ညှိနှိုင်းဖြေရှင်းတာမျိုးပဲ ဖြစ်စေ ချင်တယ်။ နောက်တစ်ခုက ၁၇ (၁) လို ကိစ္စမျိုးလည်း ပြစ်ဒဏ်ကျခံသွားရမယ်ဆိုရင် အပြစ်ပေးခံရမယ် ဆိုရင် ဒီဟာမကောင်းတဲ့ အစဉ်အလာ အားလုံးပေါ်မှာ မကောင်းတဲ့အစဉ်အလာ ဖြစ်သွားမယ့်အနေအထား မျိုးကို ရှောင်လွှဲနိုင်တဲ့အတွက် ကျနော်တို့ကတော့ ကြိုဆိုတယ်လို့ ပြောရမှာပေါ့"

The Voice Daily သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုး၊ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်၊ DVB သတင်းဌာနက အကြီးတန်း သတင်းထောက်တွေဖြစ်တဲ့ ဦးအေးနိုင်၊ ဦးပြည့်ဘုန်းအောင်၊ ဧရာဝတီ သတင်းဌာနက အကြီးတန်း သတင်းထောက်  ဦးသိန်းဇော် (ခေါ်) ကိုလဝီဝမ် တို့ကို စွဲထားတဲ့ အမှုတွေကို တပ်မတော်က ကျေအေးရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးထင်ကျော်နဲ့ တောင်ငူ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဌ ကိုဝေယံသိန်း (ခေါ်) ဗစ်တာ တို့ကို စွဲဆိုထားတဲ့ အမှုတွေကိုလည်း ကျေအေးရုပ်သိမ်းပေးလိုက် တာဖြစ်ပါတယ်။

သီပေါမြို့မှာ သတင်းသမား ၃ ယောက်နဲ့ အမှုတွဲဖြစ်တဲ့ ဒေသခံ ၃ ဦးကိုလည်း မတရားအသင်း ဆက်သွယ်မှုနဲ့ တရာစွဲထားတာတွေကို တပ်မတော်ဘက်က အမှုရုပ်သိမ်းပေးလိုက်ပါတယ်။

ဒီကနေ့မှာပဲ မတရားအသင်း  ဆက်သွယ်မှုဥပဒေနဲ့ တပ်မတော်က တရားစွဲထားတဲ့ ABSDF အဖွဲ့က ဗဟိုကော် မတီဝင်ဖြစ်တဲ့ မြောက်ပိုင်းဒေသခေါင်းဆောင် ဦးမင်းဌေး ရဲ့ အမှုကို မိုးမောက်မြို့နယ် တရားရုံးက ဒီကနေ့ စီရင်ချက်ချရာမှာ တရားသေ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

တပ်မတော်အနေနဲ့ အခုလိုကျေအေးပေးလိုက်တာဟာ နိုင်ငံနဲ့ပြည်သူ့အကျိုးကို အတူတကွ သယ်ပိုးထမ်းဆောင်မှု ကို အသိအမှတ်ပြုပြီး နိုင်ငံတော်နှင့် ပြည်သူတွေရဲ့ အမျိုးသားအကျိုးစီးပွားကို ဆက်ပြီးအတူလက်တွဲ လုပ်ဆောင်နိုင်ဖို့ တရားစွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းပေးလိုက်တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org