ဖားကန့်မြို့နယ်က အရပ်သား သုံးဦးကို ရှမ်းနီလက်နက်ကိုင်အဖွဲ့ ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာက အုပ်ချုပ်ရေးမှူးအပါအဝင် အရပ်သားသုံးဦးကို ဒီဇင်ဘာ လ ၂၇ ရက်နေ့၊ မနက် ၁၀ နာရီလောက်မှာ ရှမ်းနီလက်နက်ကိုင်အဖွဲ့က ခေါ်ဆောင်သွားတယ် လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြောပါတယ်။

ရှမ်းနီစစ်သားတွေကို တွေ့ရစဉ် Photo: Shanni Nationalities Army
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာက အုပ်ချုပ်ရေးမှူးအပါအဝင် အရပ်သားသုံးဦးကို ဒီဇင်ဘာ လ ၂၇ ရက်နေ့၊ မနက် ၁၀ နာရီလောက်မှာ ရှမ်းနီလက်နက်ကိုင်အဖွဲ့က ခေါ်ဆောင်သွားတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြောပါတယ်။
 
ဘာကြောင့် သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူးလို့ ရဲမှူးကြီး ဉာဏ်မြင့်ကျော် က ပြောပါတယ်။
 
ဆယ်ဇင်းကျေးရွာဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်နယ်စပ်မှာရှိတာဖြစ်ပြီး ကချင်လက်နက်ကိုင်အဖွဲ့ KIA နဲ့ ရှမ်းနီ အမျိုးသားလက်နက်ကိုင်အဖွဲ့တို့ လှုပ်ရှားနေတဲ့နေရာဖြစ်ပါတယ်။
 
ဖားကန့်မြို့ ဒေသခံ ဦးရွှေသိန်းက “ဆယ်ဇင်းမှာက အဖွဲ့စည်းမျိုးစုံရှိတယ်။ စစ်တပ်လည်းရှိတယ်။ ရဲလည်းရှိတယ်။ ကေအိုင်အေ ဘက်က လက်အောက်ခံတပ်လည်း ရှိတယ်ဆိုတာ့ အဖွဲ့စည်းမျိုးစုံရှိတယ်။ ဒီအဖွဲ့စည်းမျိုးစုံရှိတဲ့ကြားထဲကနေ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံနဲ့ သုံးယောက်ကို ရှမ်းနီလက်နက်တပ်အဖွဲ့က ဒါကိုကြက်လေး ငှက်ကလေး ဖမ်းသလို ကားပေါ်တင် ဖမ်းသွားတယ် ဆိုတဲ့ကိစ္စက ကြားရတာတော့ မသင့်တော်ဘူးပေါ့လေ။”
 
ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေကို အဆက်အသွယ်ရဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။ ရှမ်းနီအမျိုးသားလက်နက်ကိုင် အဖွဲ့ကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org