ဖမ်းဆီးခံရှမ်းရွာသားတွေ လွှတ်ပေးဖို့ ကေအိုင်အို ကို တောင်းဆိုဆန္ဒပြ

ကချင်ပြည်နယ် မန်စီမြို့နယ်မှာ ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်းက ဒေသခံ ရှမ်းတိုင်းရင်းသား ငါးဆယ်ကျော်လောက်ကို ဖမ်းဆီးသွား တယ်ဆိုပြီး ဒီနေ့ မြစ်ကြီးနားမြို့မှာ ရှမ်းမျိုးနွယ်စုအဖွဲ့တွေ က မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်မှာ လူထုအစည်းအဝေးကျင်းပပြီး အဖမ်းခံထားရသူတွေ ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။

KIA က ဖမ်းဆီးထားတဲ့ ဒေသခံ ရှမ်းတိုင်းရင်းသားများ ကို ပြန်လွှတ်ပေးဖို့ မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်း တိုက်မှာ ရှမ်းတိုင်းရင်းသားများက ဒီဇင်ဘာလ ၂ဝ ရက်နေ့ က တောင်းဆိုနေစဉ် photo: RFA/ Kyaw Myo Min

ကချင်ပြည်နယ် မန်စီမြို့နယ်မှာ ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်းက ဒေသခံ ရှမ်းတိုင်းရင်းသား ငါးဆယ်ကျော်လောက်ကို ဖမ်းဆီးသွားတယ်ဆိုပြီး ဒီနေ့ မြစ်ကြီးနားမြို့မှာ ရှမ်းမျိုးနွယ်စုအဖွဲ့တွေ က မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်မှာ လူထုအစည်းအဝေးကျင်းပပြီး အဖမ်းခံထားရသူတွေ ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။

ဒီနေ့ ရှမ်းမျိုးနွယ်စု လူထုအစည်းအဝေးကနေ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆို ကြတာဖြစ်ကြောင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ရဲ့ ခေါင်းဆောင်ဖြစ်သူ ဦးစိုင်းစန်းဝေက RFA ကို ပြောပါတယ်။

ဒီနေ့ မြစ်ကြီးနားမြို့မှာ ဆန္ဒပြတောင်းဆိုဖို့စီစဉ်ခဲ့ပေမဲ့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ခွင့်မပြုတာကြောင့် ဝန်းသိုကျောင်းတိုက်မှာ အခုလို ညီလာခံကျင်းပပြီး ဆန္ဒထုတ်ဖော်ရတာလို့ သိရပါတယ်။

ဒီနေ့ ဆန္ဒထုတ်ဖော်ပွဲကို မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ ဟိုပင်၊ အင်းတော်ကြီးဒေသ၊ ဖားကန့်စတဲ့ မြို့ရွာတွေက ဒေသခံရှမ်းမျိုးနွယ်စု တစ်သောင်းဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။ ကေအိုင်အိုဘက်ကတော့ ရှမ်းမျိုးနွယ်စုတွေကို ဖမ်းဆီးမှုမရှိကြောင်း ကေအိုင်အိုပြောခွင့်ရသူ ဦးလာနန်းက ပြောဆိုထားပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

အခုလို ကချင်ပြည်နယ်ထဲမှာ အဓမ္မဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရှမ်းနီတိုင်းရင်းသားတွေကို လွှတ်ပေးဖို့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်ကို တောင်းဆိုနေတဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ ဒေါ်စမ်းစမ်းတင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org