ကေအိုင်အေရဲ့ ဖမ်းဆီးသတ်ဖြတ် ခံရသူတွေအတွက် ဆုတောင်း ပွဲပြုလုပ်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသူတွေအတွက် သူတို့ရဲ့ မိဘ ဆွေမျိုးတွေစုပေါင်းပြီး အမျှဝေဆုတောင်းပွဲ တစ်ရပ်ကို မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားမှာ ဒီနေ့ပြု လုပ်ခဲ့ပါတယ်။

KIA ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရသူတွေအတွက် သူတို့ရဲ့ မိဘဆွေမျိုးတွေစုပေါင်းပြီး ဇန်နဝါရီလ ၃ ရက်နေ့က မြစ်ကြီး နားမြို့ ဆုတောင်းပြည့်ဘုရားမှာ ဆန္ဒပြဆုတောင်းပွဲပြုလုပ်စဉ် Photo: Kyaw Myo Min/RFA

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်းခံခဲ့ရသူတွေအတွက် သူတို့ရဲ့မိဘဆွေ မျိုးတွေစုပေါင်းပြီး အမျှဝေဆုတောင်းပွဲတစ်ရပ် ကို မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားမှာ ဒီနေ့ပြု လုပ်ခဲ့ပါတယ်။

KIA က ဖမ်းဆီးခံရတဲ့ ရှမ်းတိုင်းရင်းသား ၂၃၀ ကျော်ရှိ သွားပြီလို့ အခမ်းအနားမှာ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောပါတယ်။

"ကျနော်တို့ရှမ်းတွေကို အခုမတရား ဆပ်ကြေးကောက်နေတာ၊ ကျနော်တို့ ရှမ်းသား သမီးတွေ တောထဲတောင်ထဲမှာ အခုအဖမ်းခံနေ ရတယ်၊ အခုဆို ကေအိုင်အေဖမ်းသွားတာ ၂၃၄ ဦးရှိပါပြီ၊ နောက်ပြီး ဒီထဲမှာသေဆုံးသွားတဲ့ ဒီကနေ့ ကျနော်တို့ ဆွမ်းသွပ်ရတဲ့အထိ ဘဝအခြေအနေ အဲ့လိုဖြစ်လာပါတယ်၊ ဒါကျနော်တို့ လက်ခံလို့ မရတော့ဘူး"

အခမ်းအနားကိုတက်ရောက်လာကြတဲ့ မိသားစုဝင်တွေကလည်း သူတို့ရဲ့ခံစားချက်တွေကို ရင်ဖွင့် ပြောဆိုကြပါတယ်။

မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ ဒေါ်မြင့်ကြည်က ခင်ပွန်းဖြစ်သူ ဦးလှထွန်းဟာ KIA ရဲ့ သတ်ဖြတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ဆင်ဘိုမှာ ကျမတို့မိသားစု လယ်ယာမြေကို ရိုးရိုးသားသား လုပ်ကိုင်စားသောက်ပါတယ်၊ ကျမတို့ခင်ပွန်းသည် အလုပ်အကိုင်လုပ်နေရတဲ့အချိန်မှာ ကေအိုင်ကေတွေက ဖမ်းသွားပြီးတော့မှ ဘာမှမသိညာမှန်းမသိ သတ်ဖြတ်ခဲ့ပါတယ်"

KIA ရဲ့ဖမ်းဆီးသတ်ဖြတ်ခံခဲ့သူတွေရဲ့မိသားစုဝင်တွေဟာ အဓမ္မစစ်သားစုဆောင်းတဲ့ လက်နက်ကိုင်အဖွဲ့တွေ အလိုမရှိစတဲ့ ပိုစတာတွေကိုင်ပြီး မြစ်ကြီးနားမြို့ရှမ်းစုမြောက်ရပ်ကွက်ကနေ ဆုတောင်းပြည့် ဘုရားအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။

KIA က ဖမ်းဆီးသတ်ဖြတ်ခံရတယ်ဆိုတဲ့ ရှမ်းမျိုးနွယ်စုတိုင်းရင်းသားအရေအတွက်နဲ့ ပတ်သက်လို့ စိစစ်သွားရမှာဖြစ်တယ်လို့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ နည်းပညာအထောက်အကူပြုအလုပ် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးက ပြောပါတယ်။

"ကျနော်တို့ ကချင်တွေလည်း ဒီလိုပဲ နိုင်ငံတကာသိအောင် အစိုးရသိအောင် ဆန္ဒတွေထုတ်ဖော်မယ်၊ ဖော်ပြမယ်၊ ထိုနည်း၎င်းပဲ ရှမ်းတွေမှာလည်း ဒီအခွင့်အရေးရှိပါတယ်၊ ကျနော်တို့ ကချင်တွေနဲ့ ဖြစ်တဲ့ကိစ္စကျတော့ ကျနော်တို့လည်း ပြန်စိစစ်ရမှာပေါ့၊ သူတို့ပြောသလောက် မရှိဘူးဆိုတာ ကျနော်တို့သိနေတယ်လေ"

ဒီနေ့ဆန္ဒပြဝတ်ပြုဆုတောင်းပွဲကို မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ဟိုပင်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့် စတဲ့မြို့ရွာတွေက ဒေသခံရှမ်းတိုင်းရင်းသား တစ်ထောင်ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org