ကမ်းပါးမြေပြိုကျမှုကြောင့် ရွှေတူးဖော်နေသူ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထိန်ကုန်းကျေးရွာက ရွှေလုပ်ကွက်တစ်ခုမှာ ကမ်းပါးမြေပြို မှုကြောင့် ရွှေတူးဖော်သူ ၃ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထိန်ကုန်းကျေးရွာက ရွှေလုပ်ကွက်တစ်ခုမှာ ကမ်းပါးမြေပြိုမှုကြောင့် ရွှေတူးဖော်သူ ၃ ဦး သေဆုံးခဲ့ပါတယ်။

ရွှေတူးရင်းနဲ့ မြေပိသေဆုံးတာဖြစ်ပြီး သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ မိုင်းကိုင်းစနယ်မြေ ရဲစခန်းမှူး ရဲအုပ်မျိုးမင်းညွန့် က ပြောပါတယ်။

"သူတို့က သူတို့ဘာသာသူတို့ ရွှေတူးတာပေါ့ဗျာ၊ ဂေါ်လေးတွေနဲ့၊ ရွှေတူးရင်းနဲ့ မြေပိတာပေါ့၊ အဲလိုသေဆုံးတာ၊ ဖြစ်တာက တစ်နေ့ကဖြစ်တာ၊ မနေ့က အမှုဖွင့်တယ်လေ၊ သေမှုသေခင်းနဲ့ ဖွင့်တယ်လေ"

သေဆုံးသူတွေဟာ ၁၆ နှစ်၊ ၁၈ နှစ်နဲ့ ၂၃ နှစ်အရွယ်အမျိုးသား ၃ ဦးဖြစ်ပြီး ဟုမ္ပလင်း၊ ဖောင်းပြင်နဲ့ ဂန့်ဂေါ မြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ တရားမဝင်ရွှေတူးဖော်နေကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မနေ့က ပြန်လည်တွေ့ရှိထားတာဖြစ်တယ်လို့ ရဲအုပ်မျိုးမင်းညွန့် က ပြောပါတယ်။

အဲဒီထိန်ကုန်းကျေးရွာအနီးမှာ ရွှေလုပ်ကွက် ကမ်းပါးပြိုတာတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး လူထိခိုက် သေဆုံးတာတွေ၊ လူနေအိမ်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org