ဒေါ်အောင်ဆန်းစုကြည်ကို ရုရှားသံအမတ်ကြီး လာရောက်တွေ့ဆုံ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ်ခေးလ် အမ်.ဂျီလက်ဇ်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် မနက် ၁၀ နာရီက လာရောက် တွေ့ဆုံဆွေးနွေးကြောင်း NLD ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
-
2010-12-23 -
-
-
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပါတီတာဝန်များကို ပြန်လည်စတင်သော နိုဝင်ဘာ ၁၅ ရက်က ဌာနချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
“အထွေထွေ
အတွင်းရေးမှူးကတော့ ဒီနေ့မနက် ရုရှားသံအမတ်နဲ့ တွေ့ပါတယ်။ တွေ့ဆုံတာနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက
သတင်းထုတ်ပြန်မှု မရှိပါဘူး။ သံအမတ်လည်း သတင်း ထုတ်ပြန်ထားတာ မရှိပါဘူး။ ကျွန်တော်တို့
အရင်တုန်းကတော့ ရုရှားသံအမတ် ဟိုတုန်းကတော့ အခမ်းအနားတွေ ဘာတွေ ဖိတ်တဲ့အခါမှာလည်း လာရောက်
တက်ရောက်ခြင်းတော့ မရှိဘူးဗျ။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်ချင်းက တခေါက်လာတယ်လို့
သိရပါတယ်။ အဲဒီမတိုင်ခင်ကတော့ ကျွန်တော်တို့ အဖွဲ့ချုပ်နဲ့ ရုရှားသံရုံးနဲ့က ဆက်ဆံမှု
သိပ်မရှိခဲ့ပါဘူး။
မြန်မာအရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွေမှာတော့ ရုရှားနိုင်ငံဟာ မြန်မာစစ်အစိုးရကို အကာအကွယ်ပေးသူတွေအဖြစ် အဝေဖန် ခံရလေ့ရှိပါတယ် ။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံတို့ဟာ သံတမန် အဆက်အဆံ လုပ်ခဲ့ကြတာ အခုဆို အနှစ် ၆၀ ကျော်လာခဲ့ပြီလို့ သိရပါတယ်။