နျူကလီးယားစက်ရုံတည်ဆောက်ရေး ရုရှားနဲ့ မြန်မာဆွေးနွေး

နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာစစ်ကောင်စီ နဲ့ ရုရှားအစိုးရ တာဝန်ရှိသူတွေ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ဇွန်လ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ တွေ့ဆုံခဲ့ပါတယ်။

၂၀၂၂၊ စက်တင်ဘာလ ၇ ရက်နေ့က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့မှာ ကျင်းပတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်။ Myanmar Military

နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာစစ်ကောင်စီ နဲ့ ရုရှားအစိုးရ တာဝန်ရှိသူတွေ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ဇွန်လ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို ဆွေးနွေးရာမှာ မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနဲ့ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေးကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီဆွေးနွေးပွဲကို မြန်မာစစ်ကောင်စီဘက်က သိပ္ပံနဲ့နည်းပညာ ဒုတိယဝန်ကြီး အောင်ဇေယျ နဲ့ ရုရှား နျူကလီးယားစွမ်းအင် ကုမ္ပဏီ Rosatom ရဲ့ ဒုတိယညွှန်ကြားရေးမှုးချုပ် Nikolai Spassky တို့ တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီးမှာ ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောတူညီချက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ သဘောတူညီခဲ့ကြပြီး အဲဒီထဲမှာ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချမယ်လို့လည်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။

မြန်မာပြည်ကို ရောက်ရှိစဉ်အတွင်း ရုရှားစွမ်းအင်ကုမ္ပဏီရဲ့ လက်ထောက်ညွှန်ကြားရေးမှုးချုပ်ဟာ စစ်ကောင်စီ သိပ္ပံနဲ့ နည်းပညာဝန်ကြီး မျိုးသိန်းကျော်အပြင် ဝန်ကြီးတချို့ကိုလည်း တွေ့ဆုံခဲ့တယ်လို့ မော်စကိုကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org