ရိုဟင်ဂျာလက်ခံရေး အစီအစဉ်ရှိကြောင်း အမေရိကန် လက်ထောက်ဝန်ကြီးပြောဆို

အမေရိကန်ပြည်ထောင်စုမှာ ရိုဟင်ဂျာတွေကို လက်ခံနေရာချပေးတဲ့ အစီအစဉ်ရှိခဲ့ပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၊ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်းန်ရစ်ချတ်ဒ် Anne Richard က ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီရှားနိုင်ငံ Lhoksukon မှာ မေလ ၁၁ ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်တွေကို တွေ့ရစဉ်

အမေရိကန်ပြည်ထောင်စုမှာ ရိုဟင်ဂျာတွေကို လက်ခံနေရာချပေးတဲ့ အစီအစဉ်ရှိခဲ့ပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၊ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်းန်ရစ်ချတ်ဒ် Anne Richard က ပြောဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့တောင်အာရှ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ မူဝါဒနဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ကိုရောက်ရှိနေတဲ့ အန်းန်ရစ်ချတ်ဒ်က တယ်လီဖုန်းကတဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

အဲဒီ့ပွဲမှာ သတင်းထောက်တွေက မြန်မာနိုင်ငံက ရိုဟင်ဂျာခေါ် မွတ်စလင်တွေနဲ့ ပတ်သက်ပြီး အများဆုံးမေးမြန်းခဲ့ကြပါတယ်။

အန်းန်ရစ်ချတ်ဒ်ဟာ ဒီနှစ်ဆန်းပိုင်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး ဒုက္ခသည်စခန်းတွေကို ကြည့်ရှုခဲ့ပါတယ်။ တွေ့မြင်ခဲ့ရတာတွေအရ ရိုဟင်ဂျာ မွတ်စလင်တွေဟာ ကလေးသူငယ်တွေကအစ ကြောက်ရွံ့ ထိတ်လန့်နေကြပုံပေါ်နေသလို၊ ရခိုင်ဗုဒ္ဓဘာသာဝင်တွေဟာလည်း အထိတ်ထိတ်အလန့်လန့် နေထိုင်နေ ကြရတာဖြစ်ကြောင်း၊ ရိုဟင်ဂျာတွေ ဆင်းရဲသလို၊ ရခိုင်တွေလည်း မချမ်းသာကြကြောင်း ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို အမေရိကန်ပြည်ထောင်စုမှာ လက်ခံနေရာချထားတဲ့အစီအစဉ် ရှိ မရှိ မေးမြန်းရာမှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အန်းန်ရစ်ချတ်ဒ်က ရိုဟင်ဂျာ လက်ခံနေရာချတဲ့အစီအစဉ် ရှိပြီးဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ရှစ်လအတွင်း ရိုဟင်ဂျာ တစ်ထောင်ဝန်းကျင် လက်ခံခဲ့ကြောင်း၊ ဒါပေမဲ့ မိမိအနေနဲ့ လူဝင်မှုဆိုင်ရာ အစီအစဉ်သစ်တွေနဲ့ ပတ်သက်ပြီး ကြေညာတာမျိုးမလုပ်လိုကြောင်း၊ တကယ်တော့ လူတွေကိုယ့်တိုင်းပြည်တွေ မှာပဲ ဘေးကင်းလုံခြုံမှုရှိရှိနေထိုင်ကြတာ၊ တိုင်းပြည်မှာမနေနိုင်သူတွေကို နီးရာနေရာတွေမှာ ခိုလှုံခွင့်ရတာမျိုးကိုသာ အလိုရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးတလည်အကူအညီလိုနေသူတွေကိုသာ ကုလသမဂ္ဂ အကူအညီနဲ့ နေရာချထားလိုကြောင်း ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org