ရိုဟင်ဂျာတွေကို ကုလ မှတ်ပုံတင် ထုတ်ပေးမည်
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေရှ့်နိုင်ငံကို ရောက်ရှိခိုလှုံနေကြတဲ့ ရိုဟင်ဂျာမွတ်စလင် ၉ သိန်းခန့်ကို UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ခန္ဓာကိုယ် အမှတ်အသားတွေ ကွန်ပြူတာနဲ့ ပြုစုပြီး စနစ်တကျ မှတ်ပုံတင်ပေးနေတယ်လို့ ဒါကာမြို့က စနေနေ့ ရရှိတဲ့သတင်းမှာ ဖေါ်ပြထားပါတယ်။
-
2018-07-07 -
-
-
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေရှ့်နိုင်ငံကို ရောက်ရှိခိုလှုံနေကြတဲ့ ရိုဟင်ဂျာမွတ်စလင် ၉ သိန်းခန့်ကို UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ခန္ဓာကိုယ်အမှတ်အသားတွေ ကွန်ပြူတာနဲ့ ပြုစုပြီး စနစ်တကျ မှတ်ပုံတင်ပေးနေတယ်လို့ ဒါကာမြို့က စနေနေ့ ရရှိတဲ့သတင်းမှာ ဖေါ်ပြထားပါတယ်။
သူတို့ရဲ့ မျက်လုံးအိမ်ကို မှတ်တမ်းတင်ခြင်း၊ လက်ဗွေပုံစံတွေရယူခြင်းနဲ့ ဓါတ်ပုံရိုက်ခြင်းတွေပါဝင်တဲ့ လုပ်ငန်းစဉ်ကို အသက် ၁၂ နဲ့ အထက်ရှိတဲ့ ဒုက္ခသည်အားလုံးကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။
၆ လတာ ကြာမြင့်မယ့် အဲဒီ လုပ်ငန်းစဉ်အဆုံးမှာ ဒုက္ခသည်တွေကို ကုလသမဂ္ဂအသိအမှတ်ပြု မှတ်ပုံတင် ကတ်ပြားတွေ ထုတ်ပေးမှာဖြစ်ပါတယ်။ အဲဒီ ပလတ်စတစ် မှတ်ပုံတင်ကတ်ပြားသစ် ကိုင်ဆောင်ထားသူတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UNHCR နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက လိုအပ်သလို ထောက်ပံ့မှုနဲ့ အကာအကွယ်တွေပေး မယ်လို့ ဆိုပါတယ်။