ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေကို ကုလသမဂ္ဂ မှတ်ပုံတင် လုပ်ပေးနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်တွေကို ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ပူးပေါင်းပြီး တရားဝင် ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည်တွေအဖြစ် စပြီး မှတ်ပုံတင်ပေးနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် မှတ်ပုံတင်စာရင်းသွင်းသူများကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ BenarNews

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်တွေကို ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ပူးပေါင်းပြီး တရားဝင် ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည်တွေအဖြစ် စပြီး မှတ်ပုံတင်ပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည် ၇ သိန်းလောက်ကို မှတ်ပုံတင်ပေးနေတာဖြစ်ပြီး၊ အဖြူရောင် ဝှိုက်ကတ် ကိုင်ဆောင်ထားသူတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ ၂ ခုပါတဲ့ တံဆိပ်တွေ ထုတ်ပေးပြီး မိခင်နိုင်ငံကို မြန်မာနိုင်ငံအဖြစ် မှတ်တမ်းတင်ထားကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံကို မိမိဆန္ဒမပါဘဲ အတင်းအကြပ် ပို့ဆောင်ခြင်းမပြုဖို့၊ အတင်းအကြပ်ပြန်ပို့ခဲ့ရင် အသက်နဲ့လွတ်လပ်ခွင့်အပေါ် အန္တရာယ်ရှိကြောင်း ရေးသားထားတယ်လို့ ဆိုပါတယ်။

ဒီလုပ်ငန်းစဉ်ဟာ မြန်မာဘက်ကို ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်အတွက် ရည်ရွယ်တာ မဟုတ်ကြောင်း၊ ဒါပေမယ့် မြန်မာအာဏာပိုင်တွေနဲ့ ဒီသတင်းအချက်တွေကို မျှဝေဖို့ရှိကြောင်း၊၊ ဒီလိုမှတ်ပုံတင်ခြင်းအားဖြင့် ဒုက္ခသည်တွေ လိုအပ်နေတဲ့ အခြေခံအစားအစာနဲ့ ကူညီမှုတွေရဖို့ အထောက်အကူပြုကြောင်း မှတ်ပုံတင်ပေးတဲ့ ကုလသမဂ္ဂဝန်ထမ်းက ပြောတယ်လို့လည်း ဒုက္ခသည်တဦးက ပြောပါတယ်။  

မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း ၂ ခုဖြစ်တဲ့ UNHCR နဲ့ UNDP အဖွဲ့ ၂ ခုဟာ မကြာသေးခင်က ဒုက္ခသည် ပြန်လည်ခေါ်ယူရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org