ICC တာဝန်ရှိသူတွေ ရိုဟင်ဂျာဒုက္ခသည်တွေကို တွေ့ဆုံ

နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (အိုင်စီစီ) က တာဝန်ရှိသူတွေဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် တွေ့ဆုံခဲ့ပါတယ်။

အိုင်စီစီရဲ့ တရားရေးအရာရှိ Karim AA Khan အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့က တွေ့ရစဉ်။ Tanbir MIRAJ / AFP

နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (အိုင်စီစီ) က တာဝန်ရှိသူတွေဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာစစ်တပ်ကို တရားစွဲဆိုထားတဲ့အမှုမှာ ကိုယ်တွေ့ကြုံခဲ့ရသူတွေကို ဇူလိုင်လ ၆ ရက်က သွားရောက်တွေ့ဆုံပြီး ထွက်ဆိုချက်တွေ ရယူခဲ့ပါတယ်။

အိုင်စီစီရဲ့ တရားရေးအရာရှိ ကာရင် အာဆက် အာမက် ခန်က မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အများစုရှိတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်ဘဇားက ဒုက္ခသည် စခန်းတွေကို လေးရက်ကြာ သွားရောက်ပြီး မျက်မြင်သက်သေတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အိုင်စီစီက တာဝန်ရှိသူတွေဟာ ကောက်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည် စခန်း ၁ နဲ့ ၂ ကို သွားရောက်ပြီး၊ ဒုက္ခသည်အချို့ကို စကားပြန်ကနေတဆင့် စကားပြောဆိုခဲ့ကြတယ်လို့ ဒုက္ခသည်တွေ အကူအညီပေးရေးနဲ့ နေရပ်ပြန်ပို့ရေး ကော်မရှင်ရုံးက တာဝန်ရှိသူ ခါလစ် ဟူဆိန်က ပြောပါတယ်။

အိုင်စီစီတာဝန်ရှိသူတွေက သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာနဲ့ နိုင်ငံခြားရေး ဝန်ကြီး အေကေ အဗ္ဗဒူရာမန် တို့ကို တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org