ရိုဟင်ဂျာတွေပါတဲ့ စက်လှေတစ်စီး အင်ဒိုနီးရှား ပင်လယ်ပြင်မှာ ရောက်နေ

ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီး အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က ပင်လယ်ပြင်မှာ ရောက်နေတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ လူသားချင်းစာနာမှုအကူညီပေးရေး အဖွဲ့တွေက တနင်္လာနေ့ကပြောတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာများ လိုက်ပါလာသော စက်လှေကို အင်ဒိုနီးရှားပင်လယ်ပြင်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ Photo: Reuters

ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီး အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က ပင်လယ်ပြင်မှာ ရောက်နေတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ လူသားချင်းစာနာမှုအကူညီပေးရေး အဖွဲ့တွေက တနင်္လာနေ့ကပြောတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ စက်လှေမှာ ရိုဟင်ဂျာ ၇ဝ လောက်ပါတယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ အင်ဒိုနီးရှားဌာနခွဲက ပြောပါတယ်။

အာချေးဒေသ ရေလုပ်သားများအဖွဲ့ခေါင်းဆောင်ကတော့ စက်လှေပေါ်မှာ လူ ၁၂ဝ လောက် ပါဝင်တယ်လို့ ခန့်မှန်းပြီး သူတို့ကို အစားအစာတွေ ပေးထားတယ်လို့ ဆိုပါတယ်။

ပင်လယ်ထဲက ရိုဟင်ဂျာတွေကို ကယ်တင်ဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို မေတ္တာရပ်ခံထားတယ်လို့လည်း Amnesty အဖွဲ့ကပြောပါတယ်။

ဒုက္ခသည်တွေရဲ့စက်လှေဟာ တနင်္ဂနွေနေ့က အာချေးဒေသ ပင်လယ်ပြင်ကို ရောက်လာခဲ့ပြီး သူတို့ကိုကယ်တင်ရေး အာဏာပိုင်တွေနဲ့ ဆောင်ရွက်နေတဲ့အကြောင်း UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖွဲ့က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org