ရိုဟင်ဂျာ ၁၈၀ ကျော် အင်ဒိုနီးရှားကို စက်လှေနဲ့ရောက်

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက စက်လှေနဲ့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁၈၀ ကျော် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို မတ်လ ၂၇ ရက်နေ့မှာ ရောက်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများမှ စက်လှေနှင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် တွေ့ရစဉ်။ Antara Foto/Hayaturrahmah/via REUTERS

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက စက်လှေနဲ့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁၈၀ ကျော် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို မတ်လ ၂၇ ရက် ဒီနေ့ရောက်လာတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

အရှေ့အာချေးခရိုင်ကို ရိုဟင်ဂျာ ၁၈၄ ယောက်ရောက်လာပြီး သူတို့အားလုံးကျန်းမာရေး ကောင်းပါတယ်လို့ ဒေသခံရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူ ခါမေးလ်က ပြောပါတယ်။

အဲဒီထဲမှာ အယောက် ၉၀ က အမျိုးသမီးနဲ့ ကလေးတွေဖြစ်တယ်လို့ အာချေးငါးဖမ်းသမား များအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ သူတို့အားလုံး စက်လှေဘယ်နှစီးနဲ့ ရောက်လာတာလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ အခုချိန်ထိ လေးလအတွင်း အာချေးကိုရောက်လာပြီး ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာ ၉၁၈ ယောက်ရှိတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနရဲ့စာရင်းအရ သိရပါတယ်။ ၂၀၂၁ ခုနှစ်ကရောက်သွားတဲ့သူ ၁၈၀ ရှိတဲ့အတွက် အရင်ကထက်များလာတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အဆိုအရ ၂၀၂၂ ခုနှစ်ဟာ ရိုဟင်ဂျာတွေ ပင်လယ်ပြင်မှာ အသေအပျောက်အများဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org