လူမျိုးအသိမှတ်ပြုရေးထက် နိုင်ငံ သားဖြစ်ရေးကို ဦးစားပေး သင့်ကြောင်း ရခိုင်ဝန်ကြီးချုပ်ပြော

ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီမွတ်စလင်တွေ အနေနဲ့ ရိုဟင်ဂျာအဖြစ် အသိမှတ်ပြုရေး ထက် တရားဥပဒေ အရ နိုင်ငံသားဖြစ်ရေးလမ်းကြောင်း ကိုသာ သွား သင့်ကြောင်း၊ လက်ရှိဥပဒေတွေအရ နိုင်ငံ သားဖြစ်ရေးကိုသာ အစိုးရက ဆောင်ရွက်သွားမှာဖြစ် တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ဇူလိုင်လ ၁ ရက်နေ့က ခန့်အပ်ခံရသူ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက RFA ကို ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ဇူလိုင် ၂ ရက်နေ့ က ပြည်နယ်ဝန်ကြီးချုပ်အသစ် ဗိုလ်ချုပ်မောင်မောင်အုန်း မိန့်ခွန်းပြောကြားစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီမွတ်စလင်တွေအနေနဲ့ ရိုဟင်ဂျာအဖြစ် အသိမှတ်ပြုရေးထက် တရားဥပဒေ အရ နိုင်ငံသားဖြစ်ရေးလမ်းကြောင်းကိုသာ သွားသင့်ကြောင်း၊ လက်ရှိဥပဒေတွေအရ နိုင်ငံ သားဖြစ်ရေးကိုသာ အစိုးရက ဆောင်ရွက်သွား မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ဇူလိုင်လ ၁ ရက်နေ့က ခန့်အပ်ခံရသူ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက  RFA ကို ပြောကြား လိုက်ပါတယ်။

ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြားဖြစ် ခဲ့တဲ့ ပြဿနာတွေကြောင့် ပျက်စီးခဲ့တဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ကြိုးစားနေဆဲဖြစ်ပြီး နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF လို နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အရင်လို ပြန်လုပ်နိုင် ဖို့လည်း အချိန်ယူရဦးမယ်လို့ ဦးမောင်မောင်အုန်း က ပြောပါတယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေ ပြီးခဲ့တဲ့ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပြည်နယ်အစိုးရရဲ့  လက်ရှိဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့တွေရဲ့ ကူညီပေးရေးလုပ်ငန်းစဉ်တွေနဲ့ ရခိုင်ပြည်နယ်တွင်း ဒေသခံ တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး အလားအလာတွေ ကို ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org