ရသေ့တောင် ပဋိပက္ခ နောက်ဆက်တွဲ အဖမ်းအဆီးများပြုလုပ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာနဲ့ အနောက်ပြင်ကျေးရွာ အချင်းများပြီး လူသတ်မှု ဖြစ်ပွားရတဲ့ကိစ္စနဲ့ အနောက်ပြင်ရွာသား ၆၀ ကျော်ကို သက်ဆိုင်ရာက ဖမ်းဆီးပြီး စစ်တွေမြို့ကို ပို့လိုက်တယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

လုံခြုံရေးကင်းလှည့်နေသော စစ်သားများကို တွေ့ရစဉ် RFA

ဇွန် ၁၉ ရက်နေ့က အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ကူတောင်ရွာက ပြန်တောင်းတာ မရဘဲ ပျောက်ဆုံးနေတဲ့ အလောင်းတွေ ဒီမနက်ပိုင်းက ဖော်ထုတ်ရရှိပြီလို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး ပြန်ကြားရေးဌာနက စစ်တွေမြို့မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရသူ ဦးဝင်းမြိုင်က အတည်ပြု ပြောကြားပါတယ်။

"မနေ့ကတော့ ပျောက်တာပေါ့နော်။ ပျောက်နေတဲ့လူတွေ ရှိတာကိုး။ ဒါကြောင့် ကျွန်တော်က ၅ ဦးလို့ပဲ အတည်ပြုတာ။ ဒီနေ့ကျတော့ လုံခြုံရေးတပ်ဖွဲ့တွေသွားလို့  ပြန်ရလို့ အဲလို အတိအကျသိရ တာ။ အဲဒီဟာတွေအားလုံး ပြန်တွေ့တဲ့အခါကျတော့ ရခိုင်က ၁၀ ဦး၊ မွတ်ဆလင်က ၂ ဦးဆိုတော့ အားလုံး ၁၂ ဦးဖြစ်သွားတယ်"

ဒေသခံတွေရဲ့အဆိုအရ မသင်္ကာတဲ့လူတွေကို ဖမ်းဆီးစစ်ဆေးမေးမြန်းပြီးမှ ရဲနဲ့တပ်တို့က အလောင်းတွေကို ဖော်ထုတ်နိုင်တာလို့ ပြောပါတယ်။

ကူတောင်ကျေးရွာသားတွေနဲ့ အနောက်ပြင်ကျေးရွာသားတွေ အခင်းဖြစ်ပွားပြီး အခုလို သေဆုံးမှု ဖြစ်ပွားခဲ့တာပါ။ အနောက်ပြင်ရွာသားတွေက ကူတောင်ရွာကို ဇွန် ၁၉ ရက်နေ့က မီးရှို့တဲ့အတွက် ကူတောင်ရွာသားတွေက တုတ်တွေ၊ ဓားတွေနဲ့ လိုက်တဲ့အခါ အနောက်ပြင် ရွာသားတွေကလည်း ပြန်တိုက်ခိုက်ရာက ကူတောင်ရွာသား ၁၀ ဦး သေဆုံးသွားတယ်လို့ ကူတောင်ရွာသားတွေက ပြောပါတယ်။

သေဆုံးသူတွေထဲ ဦးသိန်းဟန်အလောင်းကိုပဲ အနောက်ပြင်ရွာက ပြန်ထုတ်ပေးပြီး ကျန်အလောင်းတွေ ပြန်မပေးလို့ နှစ်ဘက် အခြေအနေ တင်းမာနေရာက အလောင်းတွေ ဒီနေ့ ဖော်ထုတ်နိုင်တဲ့ အမှုလည်းဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ်က ပဋိပက္ခနဲ့ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင်က တင်ပြပါမယ်။

တင်ပြချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org