မြစ်ကြီးနား-မန္တလေး ရထား မိုင်းခွဲတိုက်ခိုက်ခံရ
မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့ကို ခုတ်မောင်းလာတဲ့ အမှတ် ၃၄အစုန် လူစီးအမြန်ရထားဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာရှိတဲ့ နန့်စီးအောင်ဘူတာ နဲ့ မော်လူးဘူတာအကြားအရောက်မှာ ဒီကနေ့မနက် အစောပိုင်း ၃နာရီလောက်က မိုင်းခွဲတိုက်ခိုက်ခံရ ပါတယ်။
-
2013-01-13 -
-
-
အဲဒီလို တိုက်ခိုက်ခံရမှုမှာ ခရီးသည်တစ်ချို့ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြပါတယ်။
မီးရထားစက်ခေါင်းအတွဲနဲ့ ခရီးသည်စီးအတွဲ နှစ်တွဲအပါအဝင် ရထားသံလမ်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းတော်မြို့နယ် မော်လူးဘူတာရုံက တာဝန်ကျဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ ဒီကနေ့အထိ မြစ်ကြီးနား - မန္တလေး မီးရထားလမ်းတလျှောက်မှာ မိုင်းခွဲတိုက်ခိုက်ခံရမှု စုစုပေါင်း ၅ကြိမ်ရှိပြီလို့ ဒေသခံတွေကပြောပါတယ်။