ပျဉ်းမပင်စက်မှုဇုန်က ဆန္ဒပြပွဲနှစ်ခု ပြေလည်မှုရရှိ


2014.05.19

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုန် (၃) က Mercury Rays လယ်ယာသုံး ပိုက်ပျော့စက်ရုံ နဲ့ Happy Cook မီးဖိုချောင်သုံးပစ္စည်းစက်ရုံက လုပ်ခလစာ ကျပ် ၂၅ဝဝဝ (နှစ်သောင်းခွဲ) တိုးပေးဖို့ သပိတ်စခန်း ဖွင့် တောင်းဆိုနေတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကိုယ်စားလှယ်တွေ မြို့နယ်အလုပ်သမားညှိနှိုင်းဖြန်ဖြေရေး ရုံးမှာ ဒီနေ့  ညှိနှိုင်းရာ ပြေလည်မှုရရှိခဲ့ပါတယ်။

အလုပ်ရှင်ဘက်က လုပ်ခလစာ ၁၅ဝဝဝ (တစ်သောင်းခွဲ) တိုးပေးဖို့ ကတိပေးခဲ့တာကြောင့် သပိတ်စခန်းကို ဒီနေ့ညနေမှာ ပိတ်လိုက်ပြီး မနက်ဖြန်မှာ အလုပ်ပြန်ဆင်းကြမှာဖြစ်တယ်လို့ Mercury Rays စက်ရုံက အလုပ် သမား ကိုထက်လွင်အောင်က ပြောပါတယ်။

"ကျနော်တို့ ဆန္ဒပြမဲ့ ၆ ရက်မြောက်နေ့မှာ မြို့နယ်ရုံးမှာ ကျနော်တို့ သွားရောက်ညှိနှှိုင်းခဲ့တယ် အဲ့ဒီ အတွက်လည်း အောင်မြင်ခဲ့ပါတယ်၊သူတု့ိဘက်ကလည်း ကျနော်တို့ တောင်းဆိုထားတဲ့ အချက်တွေကို လိုက်လျောပေးတယ်ပေါ့ဗျာ၊ကျနော်တို့ နှစ်သောင်းခွဲတောင်းဆိုထားတယ် အဲ့ဒါကို သူတို့ဘက်က တစ်သောင်းခွဲနဲ့ စရိတ်ငြိမ်းကို ပြန်ပြီးတော့ခန့်အပ်တဲ့အတွက် ကျနော်တို့ အလုပ်သမားတွေ အားလုံး သဘောတူထားပါတယ်၊မနက်ဖြန်ကျရင် အလုပ်ဝင်ဖို့အတွက် စက်ယန္တရားတွေ လည်ပတ်ဖို့ အတွက်ပြင် ရဆင်ရမယ်"

ပြီးခဲ့တဲ့ မေလ ၁၄ရက်နေ့ကစပြီး အဲ့ဒီစက်ရုံ ၂ရုံက အလုပ်သမား ၁ဝဝ ကျော်ဟာ လုပ်ခလစာ ကျပ် ၂၅ဝဝဝ (နှစ်သောင်းခွဲ) တိုးပေးဖို့၊ လုပ်သက်ကြေး ၁ နှစ်ကို ကျပ် ၁ သောင်း တိုးပေးဖို့၊ တနင်္ဂနွေနေ့မှာ အလုပ်ဆင်းရရင် အချိန်ပိုကြေး ၂ ဆပေးဖို့၊ အစိုးရရုံးပိတ်ရက်တိုင်း အလုပ်ပိတ်ပေးဖို့ အချက်တွေကို တောင်းဆိုခဲ့ကြတာဖြစ် ပါတယ်။

Mercury Rays နဲ့ Happy Cook စက်ရုံပိုင်ရှင်က အလုပ်ရှင်ဘက်က လုပ်ခလစာ ကျပ် ၁သောင်းခွဲ တိုးပေးဖို့အပြင် အလုပ်သမားတွေ တောင်းဆိုတဲ့အချက်အားလုံးကို လိုက်လျောပေးခဲ့တာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။