အကျဉ်းသား ၄၉၀၀ ခန့်လွှတ်တဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၃၇၀ ကျော်ပါဝင်

အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်အတွင်း စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ၁၇ ကြိမ်ကြေညာခဲ့ပြီး စုစုပေါင်း အကျဉ်းသား ၁၀၆,၆၂၂ ဦး ပြန်လွှတ်ပေးခဲ့ပါတယ်။

အင်းစိန်ထောင်မှ ၂၀၂၅ ခုနှစ် ဧပြီလ ၁၇ ရက်တွင် လွတ်မြောက်လာသည့် ဒါရိုက်တာစတီးအား တွေ့ရစဉ်။ Okka Kyaw’s facebook

မြန်မာနှစ်ဆန်း (၁)ရက် ဧပြီလ ၁၇ ရက်မှာ နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦး ပြန်လွတ်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဧပြီလ၁၈ရက် ညပိုင်းမှာ သတင်း ထုတ်ပြန်ပါတယ်။

အကျဉ်းထောင် ၃၃ ခုကနေ နိုင်ငံရေးအကျဉ်းသား ၂၂၁ ဦးနဲ့ နိုင်ငံရေးအကျဉ်းသူ ၁၅၇ ဦးလွတ်မြောက် လာတာလို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေကနေ အကျဉ်းသား ၄၈၉၃ ဦးကို ဧပြီလ ၁၇ ရက်မှာ လွှတ်ပေးခဲ့ပြီး လွတ်မြောက်လာသူတွေဟာ နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ရင် ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေပါ တပါတည်းကျခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်အတွင်း စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ၁၇ ကြိမ်ကြေညာခဲ့ပြီး စုစုပေါင်း အကျဉ်းသား ၁၀၆,၆၂၂ ဦး ပြန်လွှတ်ပေးခဲ့ပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့ ISP-Myanmar ရဲ့စာရင်းတွေအရ အဲ့ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၉၀၀၀ ဝန်းကျင်သာပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org