သမ္မတ ဦးထင်ကျော် တရုတ်နိုင်ငံကို သွားရောက်မည်

သမ္မတ ဦးထင်ကျော်ဟာ ဧပြီလ ၆ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ တရုတ် နိုင်ငံကို သွားရောက်မယ်လို့ တရုတ် ဆင်ဟွာသတင်းက ဒီနေ့ ဖော်ပြပါတယ်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေးခရီး ဖေဖော်ဝါရီလ ၃ ရက်နေ့ က နေပြည်တော် လေဆိပ်က ထွက်ခွါစဉ် Photo: Myanmar President Office

သမ္မတ ဦးထင်ကျော်ဟာ ဧပြီလ ၆ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ တရုတ်နိုင်ငံကို သွားရောက်မယ်လို့ တရုတ် ဆင်ဟွာသတင်းက ဒီနေ့ ဖော်ပြပါတယ်။

တရုတ်သမ္မတ ရှီကျင်းဖျင်ရဲ့ ဖိတ်ကြားချက်အရဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် လူကန်းက ဒီနေ့ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လက တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org