ရေနက် ဆိပ်ကမ်း ပုသိမ်မြို့ ဖြစ်တော့မည်

ဧရာဝတီတိုင်း ပုသိမ်မြို့ ဆိပ်ကမ်းကို ရေနက်ဆိပ်ကမ်း အဖြစ် မကြာခင် ဆောက်လုပ်ဖို့အတွက် ထိုင်းကုမ္ပဏီ တခုနဲ့မြန်မာ အစိုးရတို့ဆွေးနွေးပြီးပြီလို့ သိရပါတယ်။

အဲဒီထိုင်း ကုမ္ပဏီက တည်ဆောက်ရေး လုပ်ငန်း အတွက် ဒီတပတ် အတွင်း ပုသိမ်ကို လာရောက်မယ်လို့ဧရာဝတီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောပါတယ်။

ပုသိမ်ဆိပ်ကမ်းကို တန်ချိန် ၇ ထောင် ကနေ ၁ သောင်း အထိ သင်္ဘောကြီးတွေ ဝင်ထွက် သွားလာနိုင်အောင် ပုသိမ် နဲ့ ပမ္မဝတီ ဆိပ်ကမ်းကြားမှာ ရှိတဲ့ ကျောက်တန်းကြီးကို ဖြိုဖျက်ပစ်လိမ့်မယ်လို့အစိုးရ အဖွဲ့တွင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org