ဖါးကန့်မြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာမှာ ဒီကနေ့မနက်ပိုင်း ၁၁ နာရီကနေ ညနေ ၅ နာရီအထိ အစိုးရတပ် နဲ့ ကေအိုင်အေ တပ်တွေအကြား အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ရာမှာ လက်နက်ကြီး ကျည်ဆံပေါက်ကွဲ ထိမှန်မှုကြောင့် ဝှေခါကျေးရွာရပ်ကွက် ၁ နား က မြေစာပုံမှာ ရေးမဆေးကျောက်ရှာနေတဲ့ ဒေသခံပြည်သူ ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
-
2013-01-23 -
-
-
ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“ပစ်တဲ့လက်နက်ကြီးဟာ ရေမဆေးကျောက်ရှာနေတဲ့ ၃ယောက်ကို ထိပြီးမှ ပွဲချင်းပြီးသေသွားတာ၊ အခုလေးတင်ပဲ တစ်လုံးပစ်တယ်ဗျာ၊ ၁၁ လောက်ကနေပြီးတော့မှာ ၅ နာရီခွဲလောက်အထိ ပစ်နေတုန်းပဲ၊ အခုပစ်တာကတော့ တောင်တန်းကနေပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်တာ၊ နောက်ပတ်ချာလည် ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ အတွင်းမှာ အလုံး ၂၀ ကျော်ကျနေတာ၊ ပြည်သူတွေက အခုမနေရဲတဲ့အခါကျတော့ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ကြတယ်”
အလားတူ ဒီကနေ့မနက်ပိုင်း ၆ နာရီလောက်ကလည်း ဝှေခါကျေးရွားနဲ့ ၂ မိုင်လောက်ဝေးတဲ့ မှော်ဂဠုန်ကျေးးရွာဘက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဆိပ်မူနဲ့ မှော်ဂဠုန်ရွာကြား ဆိုင်းတောင်ရွာဟောင်းက ဒေသခံပြည်သူတစ်ရွာလုံးလည်း တိုက်ပွဲပြင်းထန်တာကြောင့် ဆိပ်မူကျေးရွာဖက်က ဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရာရှိခိုးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သတင်းရရှိပါတယ်။