ဖားကန့် ကျောက်စိမ်းတွင်းဒေသဖက်မှာ တိုက်ပွဲဖြစ်နေ

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု ကထန်ရွာမှာ ဒီကနေ့ မနက်က အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အတွက် ဒေသခံပြည်သူ တစ်သောင်းကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ဒေသခံပြည်သူတွေဟာ လုံးခင်း နဲ့ မှော်စီဆာရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင် လာတာ တစ်သောင်းပတ်ဝန်းကျင်လောက်ရှိနေပြီ လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။


မနေ့က ဇန်နဝါရီလ ၁၂ရက် ညနေပိုင်းမှာ အစိုးရစစ်ယာဉ်တန်း ၁၇စီးလောက်ဟာ လုံးခင်းကျေးရွာပတ်ဝန်းကျင်တဝိုက်ကို ဝင်ရောက်လာပြီး တပ်စွဲထားခဲ့ရာ၊ဒီကနေ့ မနက်ပိုင်း ၆နာရီလောက်က ကေအိုင်အေတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ လုံးခင်း နဲ့ မှော်စီဆာရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

လုံးခင်းတဝိုက် တိုက်ပွဲဖြစ်ပြီး စိုးရိမ်မှုတွေကြောင့် ကုဋေမှော်၊ မားဆား၊ ကထန်ယန်၊ ဆန်ခါ၊ မဇွပ်ယန်စတဲ့ ရွာတွေက ဒေသခံတွေဟာ လုံးခင်းနဲ့ မှော်စီစာကျေးရွာတွေမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးသားချင်းတွေအိမ်မှာ လာရောက်ခိုလှုံနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org